ပြည်မြန်မာ ငြိမ်းချမ်းရေး


NUG အကြမ်းဖက် ပြည်ဖျက်မိစ္ဆာတွေ
PDF လက်သတ်မွေးလို့ သုံးနှစ်တာကာလ
သတ်ဖြတ်ခဲ့ကြ ပြည်သူတွေကို။

ပြည်ပအထောက်အပံ့ယူ
ပြည်သူကို ရန်သူလို ပစ်မှတ်ထား
သံဃာနှင့် ပြည်သူ
ခုနှစ်ထောင့်ခြောက်ရာကျော်
အစုလိုက် အပြုံလိုက်
သတ်ဖြတ်တဲ့ လူ့ငနွားတွေပါ။

NUG သြဇာခံ
လက်နက်ကိုင်သောင်းကျန်းသူတွေက
မြို့သိမ်း/ ရွာသိမ်း
အကြမ်းဖက်နည်းလမ်းနဲ့
အာဏာတည်ဆောက်ဖို့ကြံသည်။

အသားထဲက လောက်ထွက်
ဝန်ထမ်းတချို့က အကြမ်းဖက်ဝါဒီများနဲ့
အလိုတူ အလိုပါ
ပြည်ဖျက်မိစ္ဆာအစစ်တွေပါ။

မြန်မာ့သမိုင်းမှာလ
NUG နှင့် အပေါင်းအပါ
အကြမ်းဖက်ဝါဒီတွေ ဆိုးယုတ်သမျှ
အနန္တကျေးဇူးရှင်
သံဃာနှင့် ဆရာ/ဆရာမများပင်
သေပွဲဝင်ရအခါခါ
ပူးဆွေး ကြေကွဲဖွယ်ရာ။

လမ်းတံတား ရုံးဌာန မြင်သမျှဖျက်ဆီး
ငါနဲ့မတူ ငါ့ရန်သူ
ပြည်ဖျက်မိစ္ဆာတွေဆီက စာရင်းယူလို့
ကြေးစားလူသတ်သမား
PDF လူ့ငနွာများ
ဇာတ်တူသား စားခဲ့ကြသည်။

လုံလောက်လို့ ကုန်သလောက်ဖြစ်ပြီ
အကြမ်းဖက်ဝါဒီတွေရဲ့ သရုပ်မှန်
ကမ္ဘာသိရန် လုံလောက်ပြီမို့
ကြူပင်ခုတ် ကြူငုတ်မကျန်
အမြစ်လှန် ရှင်းပါမှ
ပြည်မြန်မာ ငြိမ်ချမ်းမယ်လေး။  ။

နောင်တော်လေး (ဘိုကလေး)

Post a Comment

Previous Post Next Post