ပြည်သူ့စစ်အင်အားကောင်းလာမှာ သူပုန်တွေအကြောက်ဆုံးပဲ


မြို့ရွာတွေ ဘာကြောင့် ပျက်စီးလဲ ...
ဒါကတော့ ရှင်းပါတယ်.. အကြမ်းဖက်သူပုန်တွေ ဝင်လာလို့ပေါ့...
အကြမ်းဖက်သမားတွေသာ ပြည်သူအပေါ် အမှန်တကယ်စေတနာရှိခဲ့ရင်
မြို့ရွာတွေ လမ်းတံတားတွေ ပျက်စီးအောင် လုပ်မှာမဟုတ်ဘူး ...

ဒါကို ကျွန်တော်တို့ပြည်သူတွေ သိထားရမယ့် အချက်ပါ...
အခုအကြမ်းဖက်သူပုန်တွေက မြို့ရွာတွေ ဖျက်ဆီးတယ်၊
လမ်းတံတားတွေဖျက်ဆီးတယ်၊
အပြစ်မဲ့ပြည်သူတွေ၊ ရဟန်းသံဃာတွေ၊ နိုင်ငံ့ဝန်ထမ်းတွေ၊
ပညာရေးဝန်ထမ်းကို အမြင်မတူတာတစ်ခုနဲ့
အကြောင်းမဲ့ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ကြတယ် ...

ဒါကို ကျွန်တော်တို့ ကြုံတွေ့/ မြင်တွေ့ ခဲ့ကြရပြီးပြီ ... ရင်နာလို့မဆုံးပေါ့ဗျာ ...
ဒီလိုအကြမ်းဖက်လုပ်ရပ်တွေကြောင့် အချို့သောမြို့ရွာတွေက
ပြည်သူတွေအနေနဲ့ မိမိတို့ မြို့ရွာတွေကို အကြမ်းဖက်သမားတွေ
ဖျက်ဆီးတာမခံရအောင် ကိုယ်တိုင်ပါဝင်ပြီး ကာကွယ်ဖို့လုပ်လာကြတယ်...
မြို့ရွာတွေမှာသာ ပြည်သူ့စစ်အဖွဲ့တွေ အင်အားကောင်းလာခဲ့ရင်
အကြမ်းဖက်သူပုန်တွေရဲ့ နယ်မြေဟာကျဉ်းလာမှာ အမှန်ပဲ...

ပြည်သူ့စစ်အဖွဲ့တွေသာ အမှန်တယ်အင်အားကောင်းလာခဲ့ရင် ...
အကြမ်းဖက်သူပုန်တွေ ဆက်ကြေးကောက်လို့မရတော့ဘူး ..
ပြည်သူတွေအပေါ် အနိုင်ကျင့် သတ်ဖြတ်လို့မရတော့ဘူး ..
ပြည်သူတွေကို သေနတ်ပြောင်းနဲ့ ​ခြိမ်းခြောက်မရတော့ဘူးပေါ့...
အတင်းအဓမ္မ လူသစ်စုဆောင်းလို့လည်း မရတော့ဘူး ...

ပြည်သူတွေရဲ့ ဘဝကို မငဲ့ညာ အကာအကွယ်မပေးပဲ နည်းမျိုးစုံနဲ့ ဒုက္ခပေးနေတဲ့ အကြမ်းဖက်သူပုန်တွေ အချိန်တိုအတွင်း ပျက်သုဉ်းသွားမှာပါ ...
ဒါဆိုရင် ကျွန်တော်တို့မြို့ရွာတွေ အေးအေးချမ်းချမ်းနေရပြီပေါ့ ...

https://t.me/kohninmg777

နှင်းမောင်

Post a Comment

Previous Post Next Post