ကစ္စပနဒီ … သို့ မှာတမ်း


တရားသောစစ်၊ မတရားသောစစ်၊
ဘယ်သူနဲ့ ဘယ်သူတွေပဲ ဖြစ်နေစေ
အုံး၊ ရှုံးသူမှိုင်၊ နိုင်သူပြုံး၊ အမုန်း
တွေနဲ့ ဖုံးလွှမ်း၊ ခေတ်ရေစီး ကြမ်း
ကြမ်းမှာ၊ရက်စက်မှုအပေါင်း သရဖူ
ဆောင်တဲ့ တစ်နေ့တာ၊ သင့်ရင်ခွင်
မှာ ဖြစ်ခဲ့ဖူးပါပြီ ကစ္စပနဒီ။

ဆိုးသွမ်းသောသူ၊ မဆိုးသွမ်းသောသူ၊ဘယ်သူတွေက ဘယ်သူ့တွေကိုပဲဖြစ်စေ၊ရေနစ်နေသူကို ဝါးကူထိုး၊အလွန်တကာ့ အလွန် ဆိုးသွမ်းရက်စက်ခဲ့ကြလေသော တစ်နေ့တာ၊လူသားများစွာရဲ့ သွေးတွေဟာ၊သင့်ရေလျဉ်မှာ ပေါင်းစည်းခဲ့ပါပြီ ကစ္စပနဒီ။

ကောင်းသော လူ့သမိုင်းနဲ့ မကောင်းသော လူ့သမိုင်း၊ဘယ်သူ့သမိုင်းက ဘယ်သူ့သမိုင်းထက်သာသာ၊ရိုင်းလှပါချည်ရဲ့လို့ ဆိုနိုင်တဲ့ သမိုင်းတစ်ခုဟာ၊ သင့်လှိုင်းတွေ အထက်မှာ ဖြစ်ခဲ့ပါပြီ ကစ္စပနဒီ။

ကျန်ရစ်သူတွေနဲ့ ချန်ရစ်သူတွေ၊
ဘယ်သူတွေက ဘယ်သူ့တွေကို ထားခဲ့ ထားခဲ့၊
ဆက်လက် စီးဆင်းနေအုံးမယ့်အတူတူ၊
အကျည်းတန်ဝလွန်းခဲ့လေမယ့်၊ အဲဒီနေ့ကို
သင်စီးဆင်းနေသရွေ့ မှတ်ထားပေးပါ ကစ္စပနဒီ။  ။

𝘾𝙧𝙚𝙙𝙞𝙩:🖊💚✍🏻
လင်္ကာဒီပ( ဓမ္မအလင်းရောင် )

Post a Comment

Previous Post Next Post