မြန်မာနိုင်ငံရဲမှုထမ်းဟောင်းများအဖွဲ့ (၂)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားပြုလုပ်


မြန်မာနိုင်ငံရဲမှုထမ်းဟောင်းများအဖွဲ့ (၂)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားအား ယနေ့ နံနက်ပိုင်းတွင် နေပြည် တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ အရိန္ဒမာခန်းမ၌ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် က ရဲမှုထမ်းဟောင်းအဖွဲ့ဝင် အင်အားတိုးတက်ခိုင်မာလာစေရန် တိုင်းဒေသကြီး၊ ပြည်နယ်စည်းရုံးရေး ကော်မတီ၊ မြို့နယ်စည်းရုံးရေးကော်မတီများဖွဲ့စည်းပြီး စည်းရုံးဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကုန်တွင် ရဲမှု ထမ်းဟောင်းအဖွဲ့ဝင်များ၊ မြို့နယ်ရဲမှုထမ်းဟောင်းအဖွဲ့ များနှင့် တိုင်းဒေသကြီး၊ ပြည်နယ် ကြီးကြပ်ရေး အဖွဲ့ များတိုးတက်ဖွဲ့စည်းနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
တိုင်းဒေသကြီး၊ပြည်နယ်အစိုးရများအနေဖြင့် မြို့နယ်ရဲမှုထမ်းဟောင်းများအဖွဲ့ဝင်များအတွက် သာရေးနာရေး၊ လူမှုရေးဆိုင်ရာကိစ္စများမှာ ကူညီထောက်ပံ့နိုင်ရန်အတွက် ရန်ပုံငွေများပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေဖြင့်လည်း အလျင်းသင့်သလို ရန်ပုံငွေများထည့်ဝင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြို့ နယ်ရဲမှုထမ်းဟောင်းအဖွဲ့များမှ လက်ရှိပိုင်ဆိုင်ထားသည့် ရန်ပုံငွေကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီသည့် လုပ်ငန်းများဖြင့် တိုးပွားအောင် ဆက်လက်လုပ်ဆောင် သွားပြီး ရရှိလာသည့် ရန်ပုံငွေများကို ရဲမှုထမ်းဟောင်းအဖွဲ့ ဝင်များ သက်သာချောင်ချိရေးကိစ္စများအပြင် အဖွဲ့ဝင်မိသားစုများ၏ သက်သာချောင်ချိ ရေးကိစ္စများအထိ တတ်စွမ်းသမျှ ကူညီဆောင်ရွက်ပေးခြင်းဖြင့် မြန်မာနိုင်ငံရဲမှုထမ်းဟောင်းများအဖွဲ့ကို ပိုမို ကျစ်လစ်ခိုင်မာလာအောင် တည်ဆောက်နိုင်မည် ဖြစ်ကြောင်း ယင်းကဆိုသည်။
မြန်မာနိုင်ငံရဲမှုထမ်းဟောင်းများအဖွဲ့အနေဖြင့် အဖွဲ့၏ရည်ရွယ်ချက်(၄)ရပ်နှင့် လုပ်ငန်းစဉ်(၆)ရပ်တို့ကို အောင် မြင်အောင် အကောင်အထည်ဖော်နိုင်ရန်အတွက်(၅)နှစ်တာကာလ လျာထားစီမံချက်များရေးဆွဲပြီး နှစ်အ လိုက် အကောင်အထည်ဖော်ဆောင်ရွက်သွားမည့်လုပ်ငန်းများကို ရေးဆွဲဆောင်ရွက်လျက်ရှိရာတွင်လျာထား စီမံချက် ပါအတိုင်း အောင်မြင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် အဖွဲ့ဝင်အင်အား တောင့် တင်းရေးကို ဦးစား ပေး ဆောင်ရွက်ရမှာဖြစ်သည့်အတွက် သတ်မှတ်ချက်နှင့် ကိုက်ညီသည့် ရဲတပ်ဖွဲ့ဝင် ဟောင်း များအားလုံး အဖွဲ့ ဝင်ဖြစ်လာစေရေး အလေးထားစည်းရုံးကြရမည် ဖြစ် ကြောင်းလည်း ၎င်းက ပြောသည်။
မြန်မာနိုင်ငံရဲမှုထမ်းဟောင်းများအဖွဲ့ အနေဖြင့် အဖွဲ့၏ ရည်ရွယ်ချက်များ အောင်မြင်အောင် ဆောင်ရွက်ရာ တွင် ဒို့တာဝန်အရေး (၃)ပါးကိုဦးထိပ်ထား၍ ပြည်တွင်းလုံခြုံရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ မှုခင်းကျဆင်းရေးဆောင်ရွက်သည့်အပိုင်းတွင် တတ်စွမ်းနိုင်သမျှ မိမိတို့ကိုယ်စွမ်း ဉာဏ်စွမ်းရှိသ လောက် တစ်ဖက်တစ်လမ်းမှ ပံ့ပိုးပါဝင်ကူညီပေးခြင်းအားဖြင့် နိုင်ငံတော် တာဝန်ကို ထမ်းဆောင်သွားကြဖို့ တိုက်တွန်းပြောကြားလိုကြောင်းလည်း ယင်းကပြောကြားခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံရဲမှုထမ်းဟောင်းများအဖွဲ့ကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ ဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီး ချုပ် ၏ခွင့်ပြုချက်ဖြင့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်တွင် စတင်ဖွဲ့ စည်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Post a Comment

Previous Post Next Post