တပ်မတော်မှ ပြန်လည်ကယ်တင်လာသည့် ကလေးတက္ကသိုလ်မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ ၂၈၀ ကျော်ကို မိဘများထံ ပြန်လည်အပ်နှံ


PDF အကြမ်းဖက်သမားများ ဖမ်းဆီးခေါ်ဆောင်သွားသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေး မြို၊ကလေးတက္ကသိုလ်အတွင်းမှ  ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ၂၈၅ ဦးတို့ကို တပ်မတော်မှပြန်လည်ကယ်တင်ခဲ့ပြီးနောက်ယနေ့ ဖေဖော်ဝါရီ ၂၇ ရက်တွင်၎င်းတို့၏မိဘအုပ်ထိန်းသူများထံသို့ ပြန်လည်အပ်နှံပေးခဲ့သည်ဟုသိရသည်။

မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံခြင်းအခမ်းအနားကို ကလေးမြို့ရှိ နယ်မြေခံတပ်ရင်းဌာနချုပ် ခန်းမ၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက တွေ့ဆုံအားပေးစကားပြောကြားခဲ့သလိုနေ့လည်စာဖြင့်ကျွေးမွေးဧည့်ခံခဲ့သည်။

အဆိုပါကလေးတက္ကသိုလ်အတွင်းမှ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများကို PDF အမည်ခံအကြမ်းဖက်သမား အင်အား(၁၃၀)ဦးခန့်တို့က ဖေဖော်ဝါရီ ၂၆ ရက်၊ နံနက် ၇ နာရီခွဲအချိန်ခန့်တွင်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

ထိုသို့ဖမ်းဆီးခံရသူများကို တပ်မတော်ကအချိန်မီကယ်တင်နိုင်ခဲ့ပြီးယခုလိုမိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံခဲ့ခြင်းဖြစ်သော်လည်း အကြမ်းဖက်သမားများလက်အတွင်း၌ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ကျောင်းသူ ၁၀၀ ကျော်ကျန်ရှိနေသေးသည်ဟု သိရသည်။

https://t.me/mmcnews007

Post a Comment

Previous Post Next Post