PDF လို့ ယူဆရတဲ့ မြန်မာနိုင်ငံသားတစ်ဦးကိုသေနတ် ၂ လက်နဲ့အတူ ထိုင်းစစ်တပ်က ဖမ်းမိ


PDF အကြမ်းဖက်အုပ်စုထဲကလို့ ယူဆရတဲ့ မြန်မာနိုင်ငံသားတစ်ဦးကို သေနတ် (၂) လက်နဲ့အတူ ထိုင်းစစ်တပ်က မဲဆောက်မြို့မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် သတင်းတွေအရ သိရပါတယ်။

တရားမဝင် လက်နက်ကိုင်ဆောင်ထားတဲ့ အဲဒီမြန်မာနိုင်ငံသားကို ဒီကနေ့ ဖေဖော်ဝါရီ ၂၇ ရက်၊ ည ၇ နာရီခွဲအချိန်ခန့်မှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး မြဝတီ- မဲဆောက် ချစ်ကြည်ရေးအမှတ် (၁) တံတား မဲဆောက်ဘက်ခြမ်းမှာ ကင်းလှည့်နေတဲ့ ထိုင်းစစ်တပ်က မသင်္ကာလို့ စစ်ဆေးရာကနေ သူရဲ့လွယ်အိတ်ထဲက ပစ္စတိုသေနတ် ၂ လက်နဲ့ ကျည်ဆံ ၃၃ တောင့်တို့ကို တွေရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ စစ်ဆေးချက်အရ အဆိုပါ မြန်မာနိုင်ငံသားဟာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လာရှိုးမြို့ ဇာတိဖြစ်ပေမယ့် ကရင်ပြည်နယ်၊ မြဝတီမှာမြို့မှာ လာရောက်အလုပ်လုပ်ကိုင်နေတာ ၇ နှစ်ရှိပြီဖြစ်တယ်လို့ သိရပြီး လက်ရှိမှာတော့ သူ့ကို ဥပေဒအရ အရေးယူဆောင်ရွက်ဖို့အတွက် မဲဆောက်ရဲစခန်းကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

Post a Comment

Previous Post Next Post