အပေါ်ယံမဟုတ်ပဲ တန်ဖိုးထားမှု ဘယ်လောက်လေးနက်သလဲ...

ပူတင်ရဲ့ မိုးရေထဲမှာ လွမ်းသူ့ပန်းခွေချနေတဲ့
ပုံလေးနဲ့အတူ
ဒဏ်ရာရနေတဲ့ လူနာတွေကို လာတွေ့တဲ့အချိန်မှာ
ကိုယ်ထိုင်မယ့် ထိုင်ခုံကို ကိုယ်တိုင်ယူလာတဲ့ပုံ
လေးကိုကြည့်ပြီး 
တိုင်းပြည်ကို နှစ်ပေါင်းများစွာ တည်ငြိမ်အောင်
အုပ်ချုပ်နေတဲ့သူဆိုတာ သာမန်ဦးနှောက်၊
သာမန်နှလုံးသားနဲ့ မဟုတ်ဘူးဆိုတာကို
မြင်မိသလို စိတ်နေစိတ်ထား မြင့်မားတယ်
ဆိုတာလေးကိုလဲ တွေ့ရတယ်။

မှတ်သားစရာကောင်းတဲ့
အဆိုအမိန့်လေးတစ်ခုက

#နိုင်ငံကို ချစ်တဲ့သူတစ်ယောက် ခေါင်းဆောင်ဖြစ်တဲ့
အချိန်မှာ သူဟာ တိုင်းပြည်ကိုကာကွယ်နေတဲ့ တပ်မတော်သားတွေကို တန်ဖိုးထားလိမ့်မယ်။

မော့ဆက်အကြောင်း ဖတ်မိရင် ကမ္ဘာကျော်တဲ့
စပိုင် အလီကိုဟင်ကို သိ​ကြမှာပါ။ သူ့ကို အစ္စရေး
သူလျှိုမှန်း သိတဲ့အခါ လူမြင်ကွင်းမှာ ကြိုးပေးသတ်
လိုက်တယ်။

အစ္စရေးတွေဟာ သူ့ရဲ့ ရုပ်ကြွင်း ကို ပြန်တောင်းတာ
၄၆ နှစ်ကြာတယ်။ ဆီးရီးယားကလဲ ပြန်မပေးဘူး။
ဒီနေရာမှာ မြင်နိုင်တာသည် အချိန်က ၄၆ နှစ်တောင်
ဖြစ်သည့်အတွက် အစိုးရအဆက်ဆက်လို့တောင်
ပြောလို့ရတယ်။

အစ္စရေးတွေရဲ့ သူ့နိုင်ငံသား၊ သူ့နိုင်ငံရဲ့သားကောင်း
တွေအပေါ် တန်ဖိုးထားမှုဟာ ကြက်သီးတောင်ထတယ်။

ဒါ့ကြောင့်ပဲ ယနေ့လို အရေးကြုံတဲ့အချိန်မှာ
သြစတြေးလျမှာ အလုပ်လုပ်နေတဲ့သူက
စစ်မှုထမ်းဖို့ သူ့နိုင်ငံကို ပြန်လာခဲ့တယ်။

အဲဒိလို အသိစိတ်ဓာတ်မျိုးရှိအောင် ဘယ်လိုပြုစုပျိုး
ထောင်ထားသလဲ။

နောက်ထပ် ဥပမာတစ်ခုအနေနဲ့

၂၀၂၁ သြဂုတ်လ ၂၆ ရက်နေ့က
အာဖဂန် ကဘူးလ်လေဆိပ်အနီး အကြမ်းဖက်
တိုက်ခိုက်မှုကြောင့် အမေရိကန်စစ်သား ၁၁ ဦး၊
ရေတပ်ဆေးတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးပြီး၊ ၁၅ ဦး
ဒဏ်ရာရခဲ့တယ်။

ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး သမ္မတ အိမ်ဖြူတော်က
ဝမ်းနည်းခြင်းအထိမ်းအမှတ်နဲ့ နိုင်ငံတော်အလံ
တစ်ဝက်ချလိုက်တယ်။

နိုင်ငံတော်အလံ တစ်ဝက်ချလိုက်တယ်ဆိုတာသည်
ရှုထောင့်တစ်ခုအရပြောမယ်ဆိုရင် ဒါသည်
စိတ်ဓာတ်စစ်ဆင်ရေးသဘောပဲ...

အမေရိကန်တပ်မတော်သားတွေရဲ့ စိတ်ထဲမှာ
ယုံကြည်မှု ဘယ်လောက်မြင့်မား သွားမလဲ...

ငါတို့နိုင်ငံက ငါတို့ကို ဘယ်လောက်တန်ဖိုးထားသလဲ...

ငါတို့ ခေါင်းဆောင်တွေက ငါတို့ကို ဘယ်လောက်တန်ဖိုး
ထားသလဲ...

ဒီတန်ဖိုးတွေက သူ့နိုင်ငံသားတွေဆီကိုပါ 
စီးဆင်းသွားတယ်။ 

အဲဒိမှာပဲ အမေရိကန်တပ်မတော်သားတစ်ယောက်
ဖြစ်ရတာ ဂုဏ်ယူစရာအလုပ်တစ်ခု ဖြစ်ခဲ့ပြီ။

ဒါကို ဘယ်မှာမြင်နိုင်သလဲဆိုတော့ the rock
အစီအစဉ်ကြေငြာသူလုပ်တဲ့ သန်မာမှု ပြိုင်ပွဲ
တစ်ခုမှာ အငြိမ်းစား စစ်သားတစ်ယောက်ဝင်
ပြိုင်တယ်။

ပြိုင်ပွဲမစခင်မှာ အငြိမ်းစား စစ်သားတစ်ယောက်ကို
The rock ပြောလိုက်တဲ့ စကားလေးက

အမိမြေအတွက် သားကောင်းတစ်ယောက် ဖြစ်ခဲ့ဖူးတဲ့
အတွက် ဂုဏ်ယူပါတယ်ဆိုတဲ့ စကားလေးပဲ...

တကယ်တော့ အဲဒိအစီအစဥ်တွေဆိုတာ လူသန်းပေါင်းများစွာ တီဗီဖန်သားပြင်ကနေ အားပေးကြည့်ရှုကြတာလေ၊

သူ့ရင်ထဲမှာရှိတဲ့အတိုင်း အမှတ်တမဲ့ပြောလိုက်ပေမယ့်

လူတွေရဲ့ နှလုံးသားထဲမှာ ဘယ်လိုဖြစ်သွားမလဲ...

ကျနော်သည်ပင်လျှင် ဒီအစီအစဥ်ကြည့်မိတာ
၄ နှစ်ကျော်ခဲ့ပေမယ့်

အခုထက်ထိ အဲဒိစကားလေးကို နားထဲက မထွက်ဘူး။

စစ်မှုထမ်းဆောင်ခြင်းသည် ဂုဏ်ယူစရာ အလုပ်လို့
လူတွေရဲ့ စိတ်ထဲမှာ ခံစားရစေတယ်။

#မည်ကဲ့သို့သော အကြောင်းအရာမျိုးက ပြည်သူ
တစ်ယောက်ဖြစ်သည့် the rock ရဲ့ရင်ထဲမှာ သူ့နိုင်ငံက စစ်သားတစ်ယောက်ကို တန်ဖိုးထားတတ်စေတာလဲ...

#ထို့အတူ မည်ကဲ့သို့သော အကြောင်းအရာမျိုးက
အမေရိကန်ပြည်သူတစ်ယောက်သည် အမေရိကန်
စစ်သားတစ်ယောက်ကို တန်ဖိုးထားတတ်စေတာလဲ၊

ဒီ Key point ကို ကျနော် စိတ်ဝင်စားမိတာ...

ကမ္ဘာပေါ်မှာ စစ်မှုထမ်းဆောင်ခြင်းကို စွဲဆောင်စည်းရုံး
တာ မမြင်ဖူးဘူး။

ကျနော်ကိုယ်တိုင်လဲ စာတွေ့မပါ၊

လက်တွေ့ ၂ နိုင်ငံရောက်ဖူးတာမဟုတ်ဘူး၊
နေထိုင်ခဲ့ဖူးတာ

ဒီလို ကိုယ့်နိုင်ငံက တပ်မတော်သားတွေကို
တန်ဖိုးထားတဲ့ မြင်ကွင်းမျိုးကို ဘယ်မှာ
မြင်နိုင်သလဲဆိုတော့...

ကျနော်သတိထားကြည့်မိတော့ နိုင်ငံကြီးတွေမှာ
သွားမြင်ရတယ်။

ဥပမာ- ထောက်ကြံ့မှာ စစ်သင်ချိုင်းတစ်ခုရှိတာကို
ကျနော်တို့ သတိပြုမိကြပါလိမ့်မယ်။ 

အမြဲတမ်းပြုပြင် ထိန်းသိမ်းတာကိုလဲ မြင်ရတယ်။

နှစ်ပေါင်း ဘယ်လောက်ကြာနေပြီလဲ။

အမြဲတမ်း သန့်ရှင်းသပ်ရပ်နေတာပဲ၊
ရံပုံငွေတစ်ရပ်ထားပြီး အမြဲတမ်း
ပြုပြင်ထိန်းသိမ်းတယ်။

အပေါ်ယံမဟုတ်ပဲ တန်ဖိုးထားမှု ဘယ်လောက်
လေးနက်သလဲ...

နှလုံးသားထဲကနေ လာတဲ့ လုပ်ရပ်တွေကို မြင်ရဖို့
နိုင်ငံကို ချစ်တဲ့သူတွေ ခေါင်းဆောင်ဖြစ်ဖို့လိုတယ်။

ဘယ်လောက် အသိဥာဏ်မြင့်ပီး အမြင်ကျယ်သလဲ...

အဲဒိနေရာကနေ ဖြတ်သွားတိုင်း ကျနော်တို့နိုင်ငံသားတွေ အလှဓာတ်ပုံတွေ ရိုက်နေတာ၊ အနားယူနေတာ အပန်းဖြေ
နေတာကို မြင်ရတယ်။

သင်ချိုင်းတစ်ခုလို့တောင် ဘယ်သူမှ စိတ်ထဲမှာ မရှိဘူး။

သူတို့စိတ်ထဲမှာ ပန်းခြံတစ်ခုလို့ မြင်နေတာ

တကယ်တော့...

ထောက်ကြံ့စစ်သင်္ချိုင်းသည် ဒုတိယကမ္ဘာစစ်အတွင်း ဗြိတိသျှဓနသဟာယနိုင်ငံများမှ မြန်မာပြည်စစ်ပွဲများအတွင်း သေဆုံးခဲ့သော မဟာမိတ်စစ်သားများကို မြုပ်နှံထားသော စစ်သင်္ချိုင်းပဲ မဟုတ်လား။

ဘာ့ကြောင့်နိုင်ငံကြီးသလဲ.....

ဦးနှောက် အသိတွေကလဲ ကြီးသလို၊
စိတ်နေစိတ်ထားတွေလဲ မြင့်မားတယ်
ဆိုတာ တွေ့ရတယ်။

ဘာ့ကြောင့် ကိုယ့်ရှေ့ရောက်သလဲ...

သေချာတာတစ်ခုကတော့ ကိုယ့်ထက်တော်လို့ပဲ...

ဒီစာရဲ့ဆိုလိုခြင်းက

#နိုင်ငံကို ချစ်တဲ့သူတစ်ယောက် ခေါင်းဆောင်ဖြစ်တဲ့
အချိန်မှာ သူဟာ တိုင်းပြည်ကိုကာကွယ်နေတဲ့ တပ်မတော်သားတွေကို တန်ဖိုးထားတယ်ဆိုတာ လေးကို ပြောချင်တာပါ....

#Credit​_KoLayNge

Post a Comment

Previous Post Next Post