နယ်စပ်ကုန်သွယ်ရေးမလုပ်သင့်ပါ...

တရုတ်စီစဉ်ညွန်ကြားဇာတ်ညွန်းရေးဆွဲတဲ့၁၀၂၇စစ်ဆင်ရေးကြီးကြောင့်တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးရပ်ဆိုင်းနေပါတယ်။

တရုတ်ဇာတ်ညွန်းလို့ဘာလို့ပြောရသလဲဆိုတာတော့အားလုံးသိပြီးဖြစ်ပါတယ်။

တရုတ်wagnerကြေးစားအဖွဲ့MNDAAနဲ့TNLAတို့ဟာမူဆယ်နဲ့လားရှိုးအကြားထိန်းချုပ်ထားနိုင်ပါပြီ။
တရုတ်ဟာအင်မတန်ကောက်ကျစ်ဥာဏ်များပါတယ်။

၁၀၂၇ဇာတ်ညွန်းထဲမှာမူဆယ်ကိုမသိမ်းဘဲမြန်မာအစိုးရအောက်ထားခဲ့တယ်ဘာ့ကြောင့်လဲ?

မူဆယ်ဟာနှစ်နိုင်ငံတရားဝင်နယ်စပ်ကုန်သွယ်ရာအပေါက်ပါအကယ်၍တရုတ်ကြေးစားတပ်တွေမူဆယ်ကိုသိမ်းခဲ့မယ်ဆိုရင်တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးဟာတရားဝင်ရပ်တန့်သွားမှာပါ။

ဒါကိုအဖြစ်မခံဘဲမူဆယ်ကိုမသိမ်းခဲ့ဘဲမူဆယ်နဲ့လားရှိုးအကြားမှာသာတရုတ်ကြေးစားတပ်တွေကိုထိန်းချုပ်ထားစေခဲ့ပါတယ်။

အဲ့တော့နယ်စပ်ကုန်သွယ်ရေးတရားဝင်ပြန်စရင်မြန်မာအစိုးရကမူဆယ်မှာတရားဝင်အခွန်ရတရုတ်မွေးထားတဲ့ကြေးစားကိုးကန့်နဲ့ပလောင်တွေက
မူဆယ်လားရှိုးအကြားတရားမဝင်ဆက်ကြေးကောက်

တရုတ်Wagnerတွေတရားဝင်သကဲ့သို့ဝင်ငွေရအောင်သူ့အရိုးနဲ့သူပြန်ထိုးမဲ့လုပ်ကွက်ပါ။

ဒီလိုအကောင်အထည်ဖေါ်နိုင်ရင်တရုတ်ဟာသူမွေးထားတဲ့ကြေးစားသူပုန်တွေကိုရေရှည်ထောက်ပံ့ကျွေးမွေးနေစရာမလိုတော့ဘူးဆိုတဲ့လုပ်ကွက်။

တရုတ်ဟာသူမွေးထားတဲ့ကြေးစားဖွဲ့တွေကိုရေရှည်မထောက်ပံ့နိုင်ရင်MNDAAတို့Waတို့ပလောင်တို့ကမူးယစ်ဆေးထုတ်တဲ့ဘက်န်ြလှဲ့သှားရင်တရုတ်ဟာမူးယစ်ဆေးအဖွဲ့တွေကိုမွေးထားတယ်ဆိုတဲ့ပြဿနာကိုကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်တင်ဘို့အနောက်အုပ်စုကလည်းစောင့်ကြည့်နေတယ်လို့ယူဆတယ်။

(ယခုယာကူဇာပြဿနာအစထုတ်နေပြီ)
ဒီတော့တရုတ်ဟာသူမွေးထားတဲ့ကြေးစားသူပုန်တွေတရားဝင်ငွေရလမ်းကြောင်းဖေါ်ပေးဘို့တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးကိုအသဲအသန်ဖေါ်ဆောင်နေချင်တာအဓိကဘဲလို့သုံးသပ်မိတယ်။

တရုတ်ပြည်ကြီးကချမ်းသာပါတယ်။

ယူနန်ပြည်နယ်ကနယ်စပ်ကုန်သွယ်ရေးအပေါ်မှီခိုနေ ရပါတယ်ဆိုတာအကြောင်းပြချက်သက်သက်မျှသာပါ။ဒါဆိုတိဗက်တို့

တရုတ်အရှေ့မြောက်ကုန်းတွင်းပိတ်ပြည်နယ်တို့ဆင်းရဲမွဲတေငတ်ပြတ်နေပြီလား ? No.....ပါ။

ယူနန်ပြည်နယ်ကတရက် ယွန်သန်း၂၀လောက်နစ်နာနေပါတယ်တို့

ဒေါ်လာ၉သန်းခန့်ဆုံးရှုံးနေပါတယ်တို့ဆိုတဲ့လူကြားကောင်းအောင်အော်ပြတာပါ။

တကယ့်တကယ်ကတော့တရုတ်မွေးထားတဲ့မြန်မာပြည်ထဲကသူပုန်တွေအတွက်တရုတ်ကရေရှည်မထောက်ပံ့ရလေအောင်နယ်စပ်ကုန်သွယ်ရေးမှာအခွန်ကောက်စေပြီးရပ်တည်နေစေဘို့သူ့အရိုးနဲ့သူပြန်ထိုးဘို့ကြံစည်နေတာဘဲဖြစ်ပါတယ်။

မူဆယ်လားရှိုးကြားတရုတ်ကြေးစားအဖွဲ့ကိုဆက်ကြေးကောက်ရပ်တည်စေခြင်းဟာမြန်မာပြည်ကကုန်သည်တွေစားသုံးသူတွေမွဲပေါက်လည်းဖြစ်နေပါတယ်။

သူပုန်ကဆက်ကြေးကောက်တော့
တရုတ်သွင်းကုန်တွေစရိတ်စခပိုကြီးစျေးတက်ပြီးမြန်မာလူထုဝယ်ကြရမယ်။

(တရုတ်ကုန်သည်မထိပါ)

မြန်မာဘက်ကပို့ကုန်တွေဆက်ကြေးကြောင့်စရိတ်ပိုတက်ပြီးမြန်မာကုန်သည်တွေအကျိုးအမြတ်နည်းမယ်တရုတ်ကတော့မြန်မာဘက်ခြမ်းကဆက်ကြေးကြောင့်စျေးပိုပေးကုန်ကျခံဝယ်မည်မဟုတ်။

မြန်မာကုန်သည်ကလည်းသူတို့အကျိုးအမြတ်အတွက်မြန်မာပြည်တွင်းကပို့ကုန်ကိုစျေးနိမ်စျေးချဝယ်ယူလာပါလိမ့်မယ်။

မြန်မာပြည်မွဲပေါက်ပါ။

တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှာတရုတ်မွေးထားတဲ့တရုတ်ကြေးစားတပ်တွေရှိနေသမျှလုံးဝ(လုံးဝ)နယ်စပ်ကုန်သွယ်ရေးမလုပ်သင့်ပါ။

တစ်ကြိမ်ခံရရင်မသိလိုက်လို့
အကြိမ်ကြိမ်ခံနေရရင်တော့အတော့ကိုညံ့လို့ခံရတယ်သိသိကြီးနဲ့-င်ဆီစွတ်ခံနေရသလိုဖြစ်နေပါလိမ့်မယ်။

တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးအစား
တရားဝင်ပင်လယ်လမ်းကြောင်းကသာကုန်သွယ်မှုပြုလုပ်သင့်သလို

၁၀၂၇စစ်ရေးမှာတရုတ်ကြေးစားတပ်တွေဖျက်ဆီးခဲ့တဲ့တံတားတွေကိုယာယီတံတားသာထိုးသင့်ပြီးပြည်သူ့ဘဏ္ဍာငွေကကျခံပြင်ဆင်တာမလုပ်သင့်ကြောင်းပါ။

k n d k

------

Post a Comment

Previous Post Next Post