၂၀၂၄နှစ် ရွှေနဂါးတရုတ်နှစ်သစ်ကူးပွဲတော်တွင်ပြောကြားသည့် တရုတ်နိုင်ငံသံအမတ်ကြီးစကား

တရုတ် - မြန်မာ လူသားမျိုးနွယ်များ တိုးတက်မှုအတွက် အတူတကွ ကြိုးပမ်းသွားမည်ဟု တရုတ်သံအမတ် ပြော
MMG
        ၂၀၂၄ ခုနှစ် ရွှေနဂါးတရုတ်နှစ်သစ်ကူးပွဲတော်တွင် ဆုမွန်ကောင်းစကား ပြောကြားချိန်မှာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် H.E. Mr. Chen Hai က ထည့်သွင်း ပြောကြားခဲ့တာဖြစ်ပါတယ်။
      ၂၀၂၄ ခုနှစ် ရွှေနဂါးတရုတ်နှစ်သစ်ကူးပွဲတော်ကို ရန်ကုန်မြို့ ၊ သုဝဏ္ဏ အားကစားရုံ (၁) တွင် ဖေဖေါ်ဝါရီ (၁၈) ရက် ညပိုင်းက ကျင်းပခဲ့တာ ဖြစ်ပြီး နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးတို့လည်း တက်ရောက်ခဲ့ကြပါတယ်။
     တရုတ် - မြန်မာ နှစ်နိုင်ငံအကြား ကဏ္ဍအသီးသီးမှာ အတူတကွ ကြိုးပမ်းဆောင်ရွက်ခဲ့ကြသောကြောင့် ယုံကြည်မှုများနှင့် ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးမြှင့်ခိုင်မာအောင် တည်ဆောက်နိုင်ခဲ့ကြောင်းလည်း တရုတ်
သံအမတ်ကြီးက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
      အဆိုပါ အခမ်းအနားကို နိုင်ငံတော်စီမံအုပ်ချူပ်ရေးကောင်စီ ဥက္ကဋ္ဌကလည်း ဆုမွန်ကောင်းစကားပြောကြားခဲ့ရာမှာ တရုတ်နိုင်ငံကမြန်မာနိုင်ငံရဲ့အိမ်နီးချင်းကောင်းနှင့် မိတ်ဆွေကောင်း နိုင်ငံဖြစ်ကြောင်း ပြောကြားသွားပါတယ်။
      နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံအမတ်ကြီးနှင့် ဧည့်သည်တော်များကို တရုတ်ရိုးရာ ဖျော်ဖြေရေးအဖွဲ့များ၊ ဘင်ခရာတီးဝိုင်းများက ကပြဖျော်ဖြေခဲ့ရာ အဖွဲ့လိုက်အန်ပေါင်းများလည်းပြန်လည်ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

Post a Comment

Previous Post Next Post