ဂန့်ဂေါမြို့နယ် စန်းမြို့ကျေးရွာတွင် အကြမ်းဖက် PDF များ၏ လက်နက် ခဲယမ်းများ သိမ်းဆည်းရရှိ


 2024 February 18

ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နေ့လည် ၁၂ နာရီခန့်တွင် ဂန့်ဂေါမြို့နယ် စန်းမြို့ကျေးရွာ အား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သတင်းအရ သွားရောက်ရှင်းလင်းစဉ် ကျေးရွာထဲရှိ နေအိမ်မှ အကြမ်းဖက် pdf များ သိမ်းဆည်းထားသည့် -

- လက်လုပ်သေနတ်(အရှည်) ၅ လက်
- လက်လုပ်စိန်ပြောင်း ၄ လက်
- အေကေ ကျည်ဆံ ၄၀ တောင့်
- လက်လုပ်ရှော့တိုက်ဒုံးသီး ၃ လုံး တို့အား သိမ်းဆည်းရမိကြောင်း သိရပါသည်။
 
ကျေးရွာထဲက ပြည်သူတွေကို မောင်းထုတ်.. လူနေအိမ်တွေကို အကာကွယ်ယူ လက်နက်ခဲယမ်း တွေထုတ်ပြီး အမြင်မတူသူတွေကို သတ်ဖြတ်၊ အိုး မဲ့ အိမ်မဲ့ ဖြစ်အောင် ရွာတွေကို မီးရှို့ထွက်ပြေးလုပ်နေတဲ့ ပဒက်တွေကို လုံခြုံရေးအဖွဲ့တွေက နေ့ ည မနား ရှင်းပေးနေတော့ ပဒက်တွေလည်း တစ်ဖွဲ့ပြီး တစ်ဖွဲ့ ငရဲကို ခုန်ဆင်း ပုံထပ်ကုန်ကြပြီ…တပ် ရဲ ပြည်သူ တွဲလက်ညီမှတော့ အဖျက်ရန်ဘယ်မှာ ရှိအံ့နည်းတဲ့…များစွာ ကျေနပ် ထောက်ခံဂုဏ်ယူလျှက်ပါဗျာ…👏....👏....👏...

Post a Comment

Previous Post Next Post