အနောက်မြောက်တိုင်းဒေသတွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသောတပ်ဖွဲ့ဝင်များအား အလှူရှင်များမှ ထောက်ပံ့ပစ္စည်းများပေးအပ်

အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ နယ်မြေအတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်နေ သော တပ်ဖွဲ့ဝင်များအား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ထမ်းများနှင့်အလှူ ရှင်များက စားသောက်ဖွယ်ပစ္စည်းများပေးအပ်ခြင်း အခမ်းအနား

မုံရွာ ဖေဖော်ဝါရီလ ၂၆ ရက်

အနောက်မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက် ဖွယ်ပစ္စည်းများ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နေ့လည်ပိုင်းက တိုင်းစစ်ဌာနချုပ် ဇေယျာသီရိခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်စေတနာရှင် အလှူရှင်များ တက်ရောက်ကြသည်။
ရှေ့ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တိုင်းမှူးတို့မှ အမှာစကားပြောကြား သည်။ ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ထမ်းများနှင့် အလှူရှင်များက ဂုဏ်ပြုပေးအပ်သည့် ငွေကျပ် သိန်း(၅၀၀)ကျော် အသင့်စားစားသောက်ဖွယ်ရာများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပေးအပ်ရာ တိုင်းမှူးမှ လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။

Post a Comment

Previous Post Next Post