ဝေါ်လဒေသတွင် အကြမ်းဖက် KNU/PDF ထံမှ လက်နက်ခဲယမ်းများရရှိ

ဖေဖော်ဝါရီလ ၂၅ ရက် ညနေ ၃ နာရီ ၄၀ မိနစ်အချိန်ခန့်က ဝေါ်လေဒေသ ၊ ကနဲလေးအနီးတွင် အကြမ်းဖက် KNU/PDF များနှင့် တပ်မတော်လုံခြုံးရေးအဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါတိုက်ပွဲအတွင်း မိမိဘက်မှ ထိခိုက်မှုမရှိပဲ အကြမ်းဖက် KNU/PDF များထံမှ-
- M16 ၁ လက်
- ၎င်းကျည်အိမ် ၁ ခု
- ၅.၅၆ ကျည် ၂၄ တောင့်
- M 79 ဗုံးပစ်လောင်ချာ ၁ လက်တို့အား ဖြစ်စဥ်နေရာရှင်းလင်းစဥ် ရရှိခဲ့ပြီး သွေးအိုင် သွေးကွက်များမှာ တွေ့ရှိခဲ့ရသောကြောင့် အကြမ်းဖက်သမားများအနေဖြင့် အထိနာကာ လက်နက်များပါ ထား၍ ထွက်ပြေးခဲ့ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

Post a Comment

Previous Post Next Post