သူပုန်နေတဲ့ပြည်နယ်မှာနေရင်တော့သူပုန်ထုတ်ပြန်တဲ့ဥပဒေလိုက်နာကြပေါ့


🟢 စစ်မှုထမ်းဥပဒေ TNLA ထုတ်ပြန်လာ



စစ်မှုထမ်းဥပဒေကို တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်- PSLF/TNLA က မနေ့ ဖေဖော်ဝါရီ ၄ ရက် ညနေပိုင်းမှာ တရားဝင် ထုတ်ပြန်လာပါတယ်။

တအာင်းလူမျိုးတိုင်း အသက် ၁၆ နှစ်ပြည့်ရင် ကျန်းမာရေး ကောင်းမွန်သူတိုင်း စစ်မှုထမ်းနိုင်ပြီး အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း ညီအစ်ကို အမျိုးသား ၂ ဦးအထက်ရှိရင် ၁ ဦးက မဖြစ်မနေ စစ်မှုထမ်းရမယ်လို့ ဆိုပါတယ်။

တအာင်းလူမျိုး မဟုတ်သူအနေနဲ့ကတော့ TNLA ရဲ့ နိုင်ငံရေးနဲ့ စစ်ရေး ရပ်တည်ချက်တွေကို နှစ်သက်ကြိုဆိုသူတိုင်း စစ်မှုထမ်းနိုင်တယ်လို့ ဆိုပါတယ်။

စစ်မှုထမ်းရမယ့်သူတွေထဲ B ပိုး၊ C ပိုးရှိတဲ့သူတွေကိုတော့ စစ်မှုထမ်းဖို့ ခေါ်ယူမှာမဟုတ်ဘဲ တခြားရောဂါရှိသူတွေကတော့ စစ်မှုထမ်းနိုင်ပါတယ်။


တအာင်းလူမျိုးတိုင်း ညီအစ်ကို ၂ ဦးထဲမှာ တစ်ဦးက သာသနာ့ဘောင်ထဲ နေထိုင်သူ ဖြစ်နေရင်နဲ့ ကျန်းမာရေး ချို့ယွင်းသူ ဖြစ်နေရင်တော့ စစ်မှုထမ်းတာကနေ ကင်းလွတ်ခွင့်ရတယ်လို့ ဆိုပါတယ်။

အမျိုးသမီး မောင်နှမ ၃ ဦးအထက်ရှိရင် တစ်ဦးဟာ TNLA ထဲ စစ်မှုထမ်းရမှာဖြစ်ပြီး မောင်နှမတွေထဲ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၃ ဦး ရှိပေမဲ့ အဲဒီထဲက တစ်ဦးဟာ အရပ်ဖက် အဖွဲ့အစည်းတွေထဲ ဗဟိုကော်မတီဝင်ဖြစ်နေရင် စစ်မှုထမ်းတာကနေ ကင်းလွတ်ခွင့်ရပါတယ်။

အရပ်ဖက် အဖွဲ့အစည်းမှာ ဗဟိုကော်မတီဝင် မဟုတ်သူတွေကတော့ TNLA က သီးခြားပြန်လည်စီစစ်ပြီးမှ စစ်မှုထမ်းဖို့ လိုမလိုဆိုတာကို ဆုံးဖြတ်သွားမယ်လို့ ဆိုပါတယ်။


Post a Comment

Previous Post Next Post