ရှမ်းတောင်စစ်ရေးအခြေအနေ



ဘယ်EAOကိုသုတ်သင်ရင်ဘယ်အဖွဲ့တွေမျိုးတုံးတယ်ဆိုတာလဲကြိုတင်ALRMလုပ်ထားခဲ့ပြီဘဲနော်...
ဖေဖေါ်ဝါရီ၄၊၂၀၂၄။

ရှမ်းအရှေ့ဘာကြောင့်စစ်မဖြစ်သေးတာလည်းဆိုပြီးအိုက်ဖီလုံရေးခဲ့ဖူးပါတယ်။ဒီနေ့စစ်ရေးအခြေအနေမှာရင်းနှီးမှုနည်းနည်းနဲ့ အကျိုးအမြတ်များဖို့ခြောင်းနေတဲ့EAOနှစ်ဖွဲ့ဘဲရှိပါတယ်။ UWSAနဲ့AAတို့ပဲဖြစ်ပါတယ်။

စစ်ရေးမဟာဗျူဟာအရရှမ်းတောင်ကိုဖြတ်ထားနိုင်ရင်ရှမ်းအရှေ့ကိုထီးထီးကြီးတိုက်နိုင်မယ်လို့တွက်ထားပါတယ်၊အခြေအနေကောင်းရင်လောက်ကိုင်လိုလက်နက်ချလမ်းစဥ်အထိပါဖြစ်
သွားကြမယ်လို့ မျှော်လင့်ထားကြပါတယ်။

တပ်ဟာစစ်ကူမပေးနိုင်ဘဲထီးထီး
ကြီးရှမ်းအရှေ့မှာတိုက်ပွဲ၀င်နိုင်ဖို့ရှမ်းမြောက်လားရှိုးမြို့ကိုMMDAAတိုက်ခိုင်းဖို့ပန်ဆန်းမှာခေါ်ပြီးစီမံချက်ရေးဆွဲရေး ညှိနှိုင်းနိုင်ဖို့ ခေါ်တွေ့တာကိုအရင်လထဲကတွေ့နိုင်ပါတယ်။

လားရှိုးကျရင်မူဆယ်ကတိုက်ဖို့မလိုတော့ပါဘူး၊တစ်ဆက်ထဲမှာပြည်မကနေစစ်ကူမပေးနိုင်အောင်နေပြည်တော်မှာပွဲဆူဖို့PDFကိုအသုံးချရေး၊နေပြည်တောိတစ်ဝိုက်ကိုချည်းကပ်ခိုင်းထားလောက်ပါတယ်။

စစ်ရေးဗျာများစေဖို့ AAဟာအနောက်ပိုင်းမှာအားကုန်ထုတ်ဖို့  ရိက္ခာ၊လက်နက်စုဆောင်းနေတယ်လို့မြေပြင်သတင်းကရရှိနေပါတယ်။KNUနဲ့PDFတွေဟာမွန်၊ကရင်၊တနင်္သာရီ၊ပဲခူး၊ရန်ကုန်မှာလှုပ်ရှားဖို့ သူတို့တာ၀န်ထားပါလို့ပြောထားတယ်။

RCSSနဲ့ တစ်ပူးတွဲတွဲမဖြစ်ရေးSSPPကိုအသုံးချ အမြတ်ထုတ်ဖို့အတွက်သီပေါမြို့ကိုတာ၀န်ပေးထားတယ်လို့မြေပြင်သတင်းတွေက ခပ်ယဲ့ယဲ့ကြားနေရတယ်။TNLAကိုတော့ မန္တလေးအစပ်က မြို့တွေဖြစ်တဲ့ပြင်ဦးလွင်၊မိုးကုတ်ထိစစ်ချီခိုင်းနေလောက်ပါတယ်။

UWSA"၀"ရဲ့ပလန်ဆွဲထားတဲ့အောက်မှာအားလုံးလှုပ်ရှားဖို့ဆောင်ရွက်နေကြတယ်လို့မြင်ရပါမယ်။"၀"ကဟိုပန်၊ပန်လုံကိုသေနတ်တစ်ချက်မဖေါက်ပဲရလိုက်တဲ့အခြေနေကိုခံတွင်းသိပ်တွေ့နေပုံရပါတယ်။

"၀"ရဲ့စစ်ရေးပစ်မှတ်ဟာရှမ်းအရှေ့ကို"၀"နိုင်ငံတည်ဆောက်ရေးပါ။တပ်နဲ့တစ်ပူးတွဲတွဲဖြစ်နေတဲ့RCSSနဲ့ပအို၀်းထိန်းချုပ်ဒေသတွေကိုရွေးပြီးဆီဆိုင်မြို့ရှမ်းတောင်ကိုမီးမွေးထားမှသူတို့ကရှမ်းတောင်က စစ်ကူမတက်နိုင်မှာမို့ရှမ်းတောင်က မဖြစ်မနေအစမ်းသပ်ခံစစ်မြေပြင်ဖြစ်လာရပါတယ်။ဆီဆိုင်မြို့ဟာပအို၀်းပြည်သူစစ်/PNOနဲ့တပ်ကထိန်းချုပ်လိုက်နိုင်လို့လက်နက်တွေပို့ပြီးစစ်ပွဲတွေစခိုင်းလိုက်တဲ့ကယားPDFနဲ့ပအို၀်းခွဲထွက်PNLAတွေအတွက်ဆုတ်သွားကြတယ်လို့ဆိုရပါမယ်။သို့သော်ရှမ်းတောင်မှာမဖြစ်မနေစစ်မီးတောက်ဖို့လုပ်ပါလိမ့်မယ်၊နှစ်နေရာတော့မြင်မိတယ်၊အဲ့နေရာတွေကတော့လက်ရှိကယားPDFတွေအခြေချထားတဲ့ဖယ်ခုံအောက်ဖက်ကတောင်ကြီးလမ်းနဲ့ကျိုင်းတုံဘက်တက်နိုင်တဲ့ကွန်ဟိန်း၊ကာလိဘက် သတိထားရပါမယ်။

ရှမ်းမြောက်စစ်ပွဲမစမီှ(၂)လလောက်ကအိုက်ဖီလုံကြိုပြောခဲ့သလို၊ချင်းရွှေဟော်ကိုတိုက်ပြီးထဲကလောက်ကိုင်ကိုတိုက်ဖို့တယုတ်ဘက်မှာမျောက်၂ကောင်ကပ်ထားပြီးအင်အားသောင်းချီတယ်လို့ကျွန်တော်တင်ခဲ့ဖူးပါတယ်။ကြိုပြင်ထားပုံမရဘူး ကျသွားတယ်။

 ယနေ့ရှမ်းတောင်နဲ့ရှမ်းအရှေ့ကိုကျွန်တော်သတိပေးထားပြီးပြီနော်၊ကျန်တာကတော့တပ်မတော်က ဆောင်ရွက်ရမှာပါ၊အမိနိုင်ငံတော်ကြီးတည်တည့်နိုင်ပါစေ။ အကြမ်းဖက်တွေလောဘသားတွေကံ-ကံ၏အကျိုးပေးအတိုင်းဖြစ်ပါစေ။

နေပြည်တော်
ဆေခမ်း(အိုက်ဖီလုံ)
မိုင်းတုံမြို့၊ဟွေအော၊၀တောင်၊ရှမ်းအရှေ့ပိုင်း။ခေတ္တ(နောင်အုတ်)

Post a Comment

Previous Post Next Post