❝အကြမ်းဖက်သမားတွေကို ပြောင်မြောက်စွာ ချေမှုန်းခဲ့တဲ့ အမြောက်တပ်ဖွဲ့ဝင်တွေရဲ့ စွမ်းဆောင်ရည်နဲ့ တိုက်ပွဲဝင်အသင့်ရှိမှုအပေါ် ဂုဏ်ယူအသိအမှတ်ပြုတယ်လို့ တပ်ချုပ်ပြော❞





≋နိုင်ငံတော်ကာကွယ်ရေးအတွက် အားထားရသည့် လက်ရုံးတပ် အမြဲတမ်း ဖြစ်နေစေရေး တပ်ဖွဲ့ဝင်အားလုံးက အားသွန်ခွန်စိုက် ကြိုးပမ်းကြရန် တိုက်တွန်း≋

ယနေ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ လက်ထက်တွင် နိုင်ငံတော်ကို ဘက်ပေါင်းစုံက အဖျက်အမှောင့်လုပ်ငန်းမျိုးစုံ ဆောင်ရွက်နေသည့် အကြမ်းဖက်သောင်းကျန်းသူများကို ချေမှုန်းရာတွင် အမြောက်တပ်ဖွဲ့ဝင်များ၏ ပြောင် မြောက်သည့် စွမ်းဆောင်ရည်များကို တွေ့ရှိခဲ့ရခြင်းကြောင့် အမြောက်တပ်ဖွဲ့၏ တိုက်ပွဲ ဝင် အသင့်ရှိမှုအပေါ် ဂုဏ်ယူအသိအမှတ်ပြုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ယမန်နေ့ ဖေဖော်ဝါရီ ၃ ရက်၊ နံနက်ပိုင်းက နေပြည်တော်၊ စစ်ကြောရေးနှင့် တည်ခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပပြုလုပ်သည့် (၇၅) နှစ်မြောက်စိန်ရတု အမြောက်တပ်ဖွဲ့နေ့အခမ်းအနား တက်ရောက်၍ အမှာစကားပြောကြားခဲ့ကြောင်းသတင်းရရှိပါသည်..

#AST

Post a Comment

Previous Post Next Post