(ကျားဖြန့်ကိစ္စက ရိုးသားရဲ့လား?)



ကျားဖြန့်လှိုင်းဂယက်က
တစ်နိုင်ငံလုံး အတိုင်းအတာနဲ့
ဂယက်ထလာတာတွေ့ရလို့ ရိုးသား
မှု ရှိရဲ့လားလို့ တောင်စဥ်းစားလာ
မိတယ်။တကယ်ဆိုရင် ကျားဖြန့်က
တရုတ်ပြည်ရဲ့ အချုပ်အခြာအာဏာ
ကိုရော နိုင်ငံရေး ဂုဏ်သိက္ခာကိုပါ
ဒီလောက်အထိ ထိခိုက်စေတာ မတွေ့
ရပေမယ့် အကဲဆက်လွယ်လွန်းတာ
ကတော့ မရိုးဘူးလို့ မြင်မိတယ်။


အခုလေးတင် ဖတ်လိုက်ရတဲ့
သတင်းတစ်ပုဒ်မှာလည်း RCSS နဲ့
SSA ကလည်း ကျားဖြန့်နှိမ်နင်းရေး
ကို လုပ်မယ်လို့ ဆိူပြန်သတဲ့။အမေရိကန်
တပည့် NUG KIA KNU မှ အပ မြန်မာ
နိုင်ငံထဲမှာ ရှိတဲ့ EAOs တွေ အကုန်လုံး
နီးပါးကို ကျားဖြန့် အကြောင်းပြပြီး
စည်းရုံးကာ ဩဇာထူထောင်နေမှု ၊ ကျားဖြန့်
အကြောင်းပြပြီး မြန်မာ့အိမ်နီးချင်းနိုင်ငံ
တွေကတဆင့် မြန်မာနိုင်ငံကို ဖိအားပေး
နေမှုတွေဟာ လိုအပ်နာထက် ပိုလွန်းနေ
တယ်လို့ မြင်မိတယ်။

တကယ်ဆိုရင် ကျားဖြန့်ဟာ
ကမ္ဘာ့ အရေး နိုင်ငံတကာအရေး
ဒေသတွင်းအရေး လူသားမျိုးနွယ်စု
အရေး မူးယစ်ဆေးဝါးပြဿနာ
လောက်အထိ ကြီးမားတဲ့
ပြဿနာ တစ်ခုတော့မဟုတ်ပါဘူး။တရုတ်
အနေနဲ့ ကြည့်မယ်ဆိုရင် ထိုင်ဝမ်အရေး
တောင်တရုတ်ပင်လယ်အရေး မူးယစ်
ဆေးဝါးပြဿနာ လောက်တော့ ကြီးမား
တဲ့ ပြဿနာ မဟုတ်ဘဲ ဘာကြောင့်
ကျားဖြန့်ကို အခုလောက်အထိ ဖိအားပေး
ပြီး ပြဿနာ ရှာလာရသလဲ။

ကျွန်တော်ကတော့ ကျားဖြန့် ဟာ
တရုတ်က မရိုးသားတဲ့ ဇာတ်လမ်းတစ်ခု
ဖန်တီးခဲ့လေသလားလို့ တောင် သံသယ
ဝင်လာမိတယ်။

အားလုံးသိကြတဲ့ အတိုင်းပါပဲ။
အခုနှစ်ပိုင်းတွေအတွင်း မှာ တရုတ်ဟာ
အင်အား အန်မတန်ကြီးထွားလာခဲ့တယ်။
နည်းပညာ စီးပွားရေး စစ်ရေး မဟာဗျူဟာ
ကျွမ်းကျင်မှု စစ်ရေး စတဲ့ ကဏ္ဍစုံမှာ
သိသိသာသာ အင်အားကြီးထွားလာခဲ့
လို့ သူ့ ရဲ့ နိုင်ငံခြားမူဝါဒတောင် အထက်စီး
ကနေ ဆက်ဆံတော့မယ် လို့ ကြေငြာခဲ့တာ
ကို ကြည့်ရင် လည်း တရုတ် ဟာ သူ့ကိုသူ
တော်တော်လေး ယုံကြည်မှုမြင့်မားလာတဲ့
သဘောတွေ့ရတယ်။

တစ်ချိန်က မြန်မာနိုင်ငံနဲ့ ဆက်ဆံတဲ့အခါ
နိုင်ငံခြားရေးဝန်ကြီးချင်း စေလွှတ်ပြီး
ဆက်ဆံလာရာကနေ အခုတော့ ဒုဝန်ကြီး
လောက်စေလွှတ်ပြီး သံတမန်တဆင့်နိမ့်
ဆက်ဆံလာတာဟာလည်း မြန်မာကိုအပါ
အဝင် နိုင်ငံငယ်တွေကို နှိမ့်ချဆက်ဆံတော့
မယ် ဆိုတဲ့ သဘောတွေ့လာရပြန်တယ်။

ဘယ်လိုပဲ ဖြစ်ပါစေ
တရုတ်ဟာ မြန်မာပတ်သက်ပြီး
မိတ်ဆွေကောင်း လို့ သတ်မှတ်ဖို့ ယုံကြည်
ရ ခက်ခဲလာပြီဖြစ်သလို ကျားဖြန့်ကိစ္စကို
လည်း အခုထိ မရပ်တန့်သေးဘဲ နေရာစုံ
စစ်မျက်နှာစုံ လက်နက်ကိုင်အဖွဲ့ မျိုးစုံ
ကနေ ဖိအားပေးခြိမ်းခြောက်လာတာ
ဟာ လုံးဝ မရိုးသားဘူးလို့ ကောက်ချက်
ချရမှာပါ။

ကျားဖြန့်ကို အကြောင်းပြုပြီး ကိုယ့်အချုပ်
အာဏာကို လွှမ်းမိုးချုပ်ကိုင်ရေးကြိုးပမ်း
လာတယ်လို့ မြင်မိတယ်။EAOs တွေကို
တပည့်မွေးပြီးဩဇာထူထောင်လာတယ်လို့
မြင်မိတယ်။ကြားခံစစ်ဆင်နွှဲပြီး မြန်မာ့
မြေမှာ သူ့အကျိုးစီးပွား အာမခံချက်ပေး
နိုင်မယ့် EAOs တွေနဲ့ ထားရှိကာ ထိန်းသိမ်း
တော့မယိလို့ မြင်မိတယ်။

ဒီထက်ပြောရရင်တော့ မြန်မာ့အချုပ်
အခြာအာဏာကို ကျားဖြန့်အကြောင်းပြ
ပြီး အဆုံးထိနှိုက်ယူတော့မလား ဆိုတာ
ကတော့ ကာယကံရှင်း နဂါးမှ အပ ဘယ်သူ
မှ မသိနိုင်ပါဘူး။

ဒီလို ဘာကြောင့် ဖြစ်ရသလဲ၊ ဘာကြောင့်
နဂါးက လုပ်ခွင့် ရနေသလဲ မေးရင်တော့
မြန်မာတွေစည်းလုံးမှု ပြိုကွဲနေလို့၊
Global Culture နဲ့ သဟဇာတ ဖြစ် တဲ့
နိုင်ငံရေးစနစ်ဆီ ကူးပြောင်းဖို့ ကြိုးပမ်း
နေချိန်မှာ နိုင်ငံတကာရဲ့ အကူအညီမရရှိလို့၊
စစ်မျက်နှာစာ များစွာ စစ်တိုက်နေရတဲ့
တပ်မတော်ရဲ့ စစ်ပင်ပမ်းအင်အားနွမ်းနယ်
နေလို့ ၊ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့
EAOs တွေ အားကောင်းလာလို့
စတဲ့ အချက်တွေကို အခွင့်ကောင်းယူပြီး
အသုံးချနေတာဖြစ်တယ်။

တကယ်တော့ ကျားဖြန့်ဟာ မြန်မာ့မြေ
ကို ကျားချောင်း ချောင်းနေတဲ့ နဂါးအတွက်
တော့ အချိန်အခါကောင်း၊ အခွင့်အခါကောင်း
ဖြစ်ခဲ့ပါတယ်။တစ်နေ့ ရွှေဥ တစ်လုံး ဥပေး
နေတဲ့ ငန်းကြီးလို ကျားဖြန့် က အကျိုးဖြစ်ထွန်း
ပေးနေတယ်။

ဒါကြောင့် ​မြန်မာတွေကို ပြောချင်တာက
ဒီစစ်ပွဲမှာ တပ်မတော်ကို တိုက်တာ  ၊ တည်ဆဲ
အစိုးရ ကို တိုက်တာ ငါတို့ကို တိုက်တာ
မဟုတ်ဘူး၊ တည်ဆဲအထိနာပါစေ ဆိုတဲ့
အသိထက် ပိုမိုကျယ်ကျယ်ပြန့်ပြန့်သိရှိ
တွေးတောနိုင်ဖို့ လိုပါတယ်။

အခန့်မသင့်ရင် ကျားဖြန့် ဟာ ဘုံဘေဘားမာ
ကုမ္ပဏီ သစ်ခိုးမှု လောက်အထိ ဆိုးသွား
နိုင်တယ် ဆိုတာလောက်အထိ ကိုယ့်နိုင်ငံ
ကို ချစ်တဲ့ စိတ်နဲ့ တွေးပူကြဖို့ လိုပါတယ်။

Crd:အောင်နိုင်သူ(ဇွဲကပင်)(8.2.24)
Admin(တောင်ပေါ်သား)

Post a Comment

Previous Post Next Post