မိစ္ဆာကောင်ပေါတဲ့နိုင်ငံ



လူသတ်သမားတွေ ခြေချင်းလိမ်
မေတ္တာသမားတွေ အသတ်ခံရတဲ့ နိုင်ငံ

အဖိုး အဖွားအရွယ်ကိုလည်းသေနတ်နဲ့ပစ်
ကလေးတွေပါမချန် သတ်တဲ့ နိုင်ငံ

အမြင်မတူရင် ဒလန်စွပ်စွဲ
ခွေးစိတ်ပေါက်ပြီး သတ်တဲ့နိုင်ငံ

ဘာသာခြားကို လင်တော်
သာသနာကို စော်ကားခံရတဲ့ နိုင်ငံ

ကျွေးသောလက်ကို ပြန်ကိုက်
ခွေးထက်မိုက်တဲ့ ကောင်တွေရှိတဲ့ နိုင်ငံ

ပြည်ပကို အားကိုး အိမ်တွင်းရေးကို
ဖောက်သည်ချ ပထွေးကို
အဖေတော်ပြနေတဲ့ကောင်တွေ ပေါတဲ့နိုင်ငံ

ယဥ်ကျေးမလားဆိုပြီး ဆုံးမတယ်
အနန္တဂိုဏ်းဝင် ဆရာသခင်ကိုတောင်
သတ်ပြပြီး လူစိတ်ပျောက်တဲ့ကောင်တွေ ရှိတဲ့နိုင်ငံ

ပုဂ္ဂိုလ်ရေးကို လက်ကိုင်စွဲ
နိုင်ငံရေးနဲ့ ရောချတဲ့ နိုင်ငံ

ဓမ္မဆိုတာ ဘာမှန်းမသိ
ပါးစပ်ကသာ တသွင်သွင်ပြော
သွေးချောင်းစီးအောင် သတ်ပြတဲ့နိုင်ငံ

ဆရာတော်တွေအပထား
ကိုရင်ငယ်ကိုပါ မိုင်းဆွဲပြတဲ့
ကောင်တွေရှိတဲ့နိုင်ငံ

ဒီမိုကရေစီကို ဇောင်းပေးပြော
ကွန်မြူနစ်စိတ်ပေါတဲ့ နိုင်ငံ

လိုချင်တာက လူ့အခွင့်ရေး
သူများအရေးမှာ ဝင်ယောင်တဲ့ကောင်တွေ
ပေါတဲ့နိုင်ငံ

ငြိမ်းချမ်းစွာ ဆန္ဒဖော်တယ်ပြော
လူစည်ကားရာ ကားဂိတ်မှာတောင်
ဗုံးခွဲပြတဲ့နိုင်ငံ

နိုင်ငံတော်အလံ မီးရှို့
ပြည်ပအလံကို နဖူးမှာစီး
ကျွန်သွေး ပေါတဲ့ နိုင်ငံ


ပညာတတ်တွေ ဖိနှိပ်တယ်ပြော
စာသင်ကျောင်းတွေဗုံးခွဲ ခံရတဲ့ နိုင်ငံ

ကျောင်းကားကို မိုင်းဆွဲတဲ့ကောင်တွေက
လူသားဆန်မှုအကြောင်း
ပါးစပ်အရသာခံပြော
လူကြားကောင်းအောင် ငိုပြတဲ့နိုင်ငံ

Covid ကာလ ကြပ်တည်းချိန်မှာ
ဆရာ၀န်အချို့က ခွေးစိတ်ပေါက်
လူ့အသက်တွေ ပျောက်ခဲ့ရတဲ့ နိုင်ငံ

အဖေ အမေကို လမ်းဘေးထား
မိစ္ဆာမကို ဦးညွှတ်ပြတဲ့ နိုင်ငံ

၂ ယောက်ရှိရင် ၃ ပိုင်းကွဲ
ခွေးစရိုက်ပေါတဲ့နိုင်ငံ

ဉာဏ်နည်းသူကို အသုံးချ
အတ္တတစ်ခုအတွက် သွေးချောင်းစီးအောင်
ကြံဆောင်ပြတဲ့ နိုင်ငံ

ကိုယ်ဝန်ဆောင်ကို သတ်ပြ
သူရဲကောင်းလို ဂုဏ်ယူပြ
လူ့မိစ္ဆာကောင်တွေပေါတဲ့ နိုင်ငံ


ဒီနိုင်ငံမှာမွေး
ဒီနိုင်ငံမှာနေပြီး
ဒီ ရေ  ဒီမြေကို ဖျက်ဆီးဖို့
၀န်မလေးတဲ့ကောင်တွေ ပေါတဲ့နိုင်ငံ

နိုင်ငံကို ချစ်ဟန်ပြ
မိစ္ဆာကောင်တွေ ပေါတဲ့နိုင်ငံ



Post a Comment

Previous Post Next Post