ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ကြားဝင်မစွက်ဖက်သင့်ကြောင်း ရုရှားအစိုးရပြော


ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ကြားဝင်စွက်ဖက်ခြင်းများ မလုပ် ဆောင်သင့်ကြောင်း ရုရှားအစိုးရက ပြောဆိုလိုက်သည်ဟု ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့်နီးစပ်သော သံတမန်အရင်းအမြစ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဖေဖော်ဝါရီ ၅ ရက်နေ့ကကျင်းပခဲ့သော ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးအတွင်း အဖွဲဝင်နိုင်ငံများသည် မြန်မာ့အရေးနှင့်ပတ်သက်ကာ ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရပြီး အဆိုပါ အစည်းအဝေးအတွင်း တရုတ်နှင့် ရုရှားနိုင်ငံတိုသည် နစက ဘက်မှ ကာကွယ်ပြောဆိုခြင်းများရှိခဲ့ကာ အခြား ကုလသမဂ္ဂအဖွဲဝင်နိုင်ငံများနှင့် သဘောထားကွဲလွဲမှုများရှိခဲ့ကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီသံတမန်ရေးအရင်းအမြစ်က ပြောပါတယ်။
Ref usnews

Post a Comment

Previous Post Next Post