စစ်သားလည်းလူ၊ လူလည်းစစ်သား


======================
ဒီတိုင်းပြည်က တပ်မတော်သားတွေ သွေးနဲ့
စေးကပ်ထားရတဲ့ တိုင်းပြည်ပါ။
ပြိုလဲလို့ ပဲ့ကျလို့မဖြစ်တဲ့ တိုင်းပြည်မို့
တပ်မတော်သားတွေ စစ်တိုက်နေရပါတယ်။
သူတို့လည်း လူသားပဲလေ ကြောက်တာပေါ့။
အသက်ဘေးနဲ့ ရင်းရတဲ့တာဝန်ပေမို့
ဘုရား၊ တရား၊ သံဃာဦးထိပ်ပန်ဆင်ပြီး
စစ်တိုက်နေရတာပါ။
ဒါပေမယ့် သတိလွတ်တာနဲ့ ကျည်တစ်တောင့်ဟာ
အမောင်စစ်သည်ရဲ့ နှလုံးခုန်သံကို ရပ်တန့်စေမှာတယ်။
ဒါပေမယ့် နောက်ဆုံးအချိန်ဆိုတာကိုရောက်ခဲ့ရင်
သူတမ်းတခဲ့တာ သူ့မိဘလား သူ့မိသားစုလား
သူ့ရဲ့သားသမီးလေးတွေလားဆိုတာ
သူသာလျှင်သိနိုင်ပါလိမ့်မယ်။
သူဟာ စစ်သည်တစ်ဦးပါ။
ပြီးတော့ ဖခင်တစ်ဦးလည်းဖြစ်မယ်ဆိုရင်
သူ့ရဲ့ သားငယ် သမီးငယ်လေးတွေက
သူ့ပြန်အလာကို မျှော်နေရှာမှာ။
သူကလည်း အိမ်ကိုပြန်ချင်နေခဲ့ရှာမှာပါ။
ငြိမ်းချမ်းပါစေမြန်မာပြည်
တပ်မတော်သားတိုင်း ဘေးကင်း အောင်မြင်ကြပါစေ။

Post a Comment

Previous Post Next Post