ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄)သို့ တက်ရောက်အမှာစကားပြောကြား


ယနေ့ မွန်းလွဲပိုင်းက နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ကျင်းပတဲ့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄)သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားပါတယ်။
အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာ၏ ဖွံ့ဖြိုးတိုးတက်မှုများ၊ တရားဝင်စီးပွားရေးလုပ်ငန်းများကို ထိခိုက်စေနိုင်သည့် တရားမဝင်ကုန်သွယ်မှုများ လျော့နည်းကျဆင်းရေးအတွက် “အမျိုးသားရေး တာဝန်တစ်ရပ်”အနေဖြင့် နိုင်ငံ့ဝန်ထမ်းများ၊ တာဝန်ရှိသူများအပြင် ဆက်စပ်သည့် ကုန်သည်လုပ်ငန်းရှင်များနှင့် ပြည်သူလူထုကပါ ပူးပေါင်းပါဝင်ပြီး စဉ်ဆက်မပြတ် ကြိုးစားတိုက်ဖျက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့တယ်လို့ သိရပါတယ်။

Post a Comment

Previous Post Next Post