စင်္ကာပူနဲ့ပတ်သက်ပြီး မြန်မာတွေဂျင်းထည့်ခံလိုက်ရတယ်


၂၀ ရာစုအလယ်ပိုင်းမှာ စင်္ကာပူကတကယ်ပဲဆင်းရဲတဲ့နိုင်ငံလား

၁၉၅၄ စင်္ကာပူဆိုပြီးတော့ချို့တဲ့တဲ့ပုံတွေနဲ့ အဲ့ဒီအချိန်ကစင်္ကာပူက‌ တော်တော်လေးဆင်းရဲတယ်လို့ ထင်ရတဲ့ပုံတွေ မြင်ဖူးကြပါလိမ့်မယ်။ ဒါတွေကတကယ်အမှန်ပဲလား

၁၉၆၀ ဝန်းကျင်ကအရှေ့တောင်အာရှမှာ ရန်ကုန်မြို့ကအသန့်ရှင်းဆုံး၊ ရန်ကုန်လေဆိပ်ကအကြီးဆုံး၊ ရန်ကုန်တက္ကသိုလ်က အကောင်းဆုံး၊ အောင်ဆန်းကွင်းကအကြီးဆုံးဘောလုံးကွင်း၊ လီကွမ်ယုဘဝမှာ စိတ်မကောင်းအဖြစ်ဆုံးက ရန်ကုန်တက္ကသိုလ်မတက်ခဲ့ရတာစသဖြင့် ယုံတမ်းစကားတွေက တကယ်ရောမှန်ရဲ့လား။ ဒီအကြောင်းနဲ့ပတ်သက်ပြီး AI နဲ့အမေးအဖြေလုပ်ထားတာလေးတွေကို အကျဉ်းချုပ်‌ဖော်ပြပေးလိုက်ပါတယ်။

မေး - ၁၉၀၀ ပြည့်နှစ်အစောပိုင်းကာလတွေမှာ Singapore နဲ့ Rangoon ဘယ်မြို့ကပိုပြီး ဖွံဖြိုးတိုးတက်ပါလဲ
ဖြေ - ၁၉၀၀ ပြည့်နှစ်အစောပိုင်းကာလတွေမှာ Singapore က Rangoon (ယခုရန်ကုန်) ထက်ပိုပြီးတိုးတက်တယ်လို့ ဒီအချက်တွေကြောင့် သတ်မှတ်နိုင်ပါတယ်။

စီးပွားရေး - စင်္ကာပူက ဗြိတိန်ရဲ့အဓိကဆိပ်ကမ်းနှင့် ဘဏ္ဍာရေးအချက်အခြာတစ်ခုဖြစ်ပါတယ်။ Rangoon ကတော့ Burma ရဲ့သယံဇာတတွေတင်ဖို့ဖို့ အဓိကအချက်အခြာဖြစ်ပါတယ်။

အခြေခံအဆောက်အအုံ - စင်္ကာပူကပိုပြီးဖွံဖြိုးတိုးတက်တဲ့ လမ်းပန်းဆက်သွယ်ရေးစနစ်တွေရှိပါတယ်။ ခေတ်မီဆိပ်ကမ်းနှင့် တစ်မြို့လုံးဖြန့်ကျက်ထားတဲ့ ရထားလမ်းကွန်ယက်တွေလည်းရှိပါတယ်။ Rangoon ရဲ့အခြေခံအဆောက်အအုံတွေကတော့ ဖွံဖြိုးမှုနောက်ကျပါတယ်။

လူဦးရေ - စင်္ကာပူမှာစီးပွားရေးပိုပြီး ဖွံဖြိုးတာကြောင့် ပိုမိုများပြားတဲ့ လူမျိုး‌ပေါင်းစုံနေထိုင်ကြပါတယ်။ Rangoon လူဦးရေကတော့နည်းပါးပြီး ဒေသခံတွေသာနေထိုင်ကြပါတယ်။

နှစ်ခုလုံးတော့ အရှေ့တောင်အာရှရဲ့အဓိကမြို့ကြီးတွေဖြစ်ပါတယ်။ Rangoon က Burma ရဲ့အကြီးဆုံးနှင့် ဆန်စပါးတင်ပို့မှုရဲ့အဓိကဆိပ်ကမ်းတစ်ခုဖြစ်ပါတယ်။

မေး - ၁၉၆၅ ခုနှစ်မှာ စင်္ကာပူကဆင်းရဲတဲ့နိုင်ငံတစ်နိုင်ငံလား
ဖြေ - စင်္ကာပူလွတ်လပ်ရေးရတဲ့ ၁၉၆၅ ခုနှစ်မှာ ကမ္ဘာပေါ်မှာအဆင်းရဲဆုံးစာရင်းမဝင်ပေမဲ့ သယံဇာတများမထွက်ခြင်း၊ အလုပ်လက်မဲ့နှုန်းမြင့်မားခြင်း၊ အခြေခံအဆောက်အအုံများမပြည့်စုံခြင်း၊ နိုင်ငံရေးမတည်ငြိမ်မှု စသည်တို့ကြောင့် ဆင်းရဲတဲ့နိုင်ငံတစ်နိုင်ငံလို့သတ်မှတ်နိုင်ပါတယ်။

မေး - ၁၉၆၀ ကျော်ကာလတွေမှာ Singapore နှင့် Rangoon ဘယ်မြို့ကပိုပြီးတိုးတက်ပါလဲ
ဖြေ - ၁၉၆၀ ကျော်မှာစီးပွားရေး၊ အခြေခံအဆောက်အအုံများ၊ ပညာရေးနှင့်ကျန်းမာရေး စောင့်ရှောက်မှုများကြောင့် စင်္ကာပူကပိုပြီး ဖွံဖြိုးတိုးတက်တယ်လို့သတ်မှတ်နိုင်ပါတယ်။ Singapore က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်မဲ့ ကုန်ထုတ်လုပ်မှုကိုမြှင့်တင်ရန်နှင့် စက်မှုကဏ္ဍကိုအစီအစဉ်ဆွဲနေပြီဖြစ်ပါတယ်။ Rangoon ရဲ့စီးပွားရေးကတော့ နိုင်ငံရေးမတည်ငြိမ်မှုတွေနှင့် စီးပွားရေးပိတ်ဆို့မှုတွေကြောင့် ဆန်စပါးတင်ပို့မှုကိုသာ မှီခိုနေရဆဲပါ။

မေး - ၁၉၆၅ ခုနှစ်က စင်္ကာပူနှင့်ရန်ကုန်ရဲ့တစ်ဦးချင်းပျှမ်းမျှဝင်ငွေ
ဖြေ - စင်္ကာပူက ၅၁၇ ဒေါ်လာ ဝန်းကျင်ပါ။ (အခုခေတ်ငွေတန်ဖိုးနဲ့တွက်ပြီးပြောတာဖြစ်ပါလိမ့်မယ်)။ Rangoon နဲ့ပတ်သက်တဲ့အချက်အလက်တွေတော့ရှာမရပါဘူး။ ဒါပေမဲ့ ကုန်သွယ်ရေးလမ်းကြောင်း၊ ပိုပြီးကောင်းမွန်တဲ့အခြေခံအဆောက်အအုံများ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကြောင့် ၁၉၆၅ မှာစင်္ကာပူရဲ့ စီးပွားရေးက ပိုပြီးကောင်းမွန်ပါတယ်။

မေး - ၁၉၆၅ ခုနှစ် အရှေ့တောင်အာရှမှာအချမ်းသာဆုံးနိုင်ငံတွေကဘာတွေလဲ
အချမ်းသာဆုံးနိုင်ငံတွေလို့သတ်မှတ်ဖို့ကတော့ ခက်ခဲပါတယ်။ ဒါပေမဲ့ ရရှိတဲ့အချက်အလက်တွေအရ သတ်မှတ်ရမယ်ဆိုရင် ဒေသတွင်းမှာချမ်းသာတဲ့နိုင်ငံတွေက စင်္ကာပူ၊ မလေးရှား၊ ထိုင်းတွေဖြစ်ပြီး ဘားမား (ယခုမြန်မာ) အင်ဒိုနှင့်ဖိလစ်ပိုင်တွေကဖွံဖြိုးဆဲနိုင်ငံတွေလို့သတ်မှတ်နိုင်ပါတယ်။

မေး - ဒါဆိုရင်စင်္ကာပူက ၁၉၆၀ မှာဆင်းရတဲ့နိုင်ငံဆိုပေမဲ့ အာဆီယံမှာတော့ ချမ်းသာတဲ့ထဲပါလား
ဖြေ - ၁၉၆၀ မှာစင်္ကာပူက ဆင်းရဲလားချမ်းသာလားဆိုတာ အတိအကျပြောဖို့တော့ခက်ပါတယ်။ အာဆီယံမှာအဆင်းရဲဆုံးမဟုတ်ပေမဲ့ ဖွံဖြိုးပြီးနိုင်ငံတွေလိုချမ်းသာတဲ့နိုင်ငံလည်းမဟုတ်ပါဘူး။ ဒေသတွင်းနိုင်ငံတွေနဲ့နှိုင်းယှဉ်ရမယ်ဆိုရင် ဘားမားနဲ့ ဖိလစ်ပိုင်တို့က နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ စီးပွားရေးကန့်သတ်ချက်တွေကြောင့် စင်္ကာပူအနောက်မှာကျန်နေခဲ့ပါပြီ။ မလေးရှားကတော့ များပြားတဲ့အရင်းအမြစ်တွေကြောင့် ချမ်းသာတဲ့နိုင်ငံတစ်နိုင်ငံဖြစ်နေပါပြီ။

စင်္ကာပူကအရင်းအမြစ်များနည်းပါးခြင်းနှင့် အလုပ်လက်မဲ့များသော်လည်း တည်နေရာကောင်းမွန်ခြင်း၊ (ဒေသတွင်းနိုင်ငံတွေနဲ့ယှဉ်ရင်) တိုးတက်တဲ့အခြေခံအဆောက်အအုံများရှိခြင်း၊ ဗြိတိသျှတို့ချန်ထားခဲ့တဲ့ အင်္ဂလိပ်စာတတ်တဲ့ အုပ်ချုပ်ရေးကျွမ်းကျင် လုပ်အားအင်အားများလည်းရှိနေပါတယ်။ နိုင်ငံသားတစ်ဦးချင်းဝင်ငွေ ၅၁၇ ဒေါ်လာ ဆိုတာ ဖွံဖြိုးဆဲနိုင်ငံအချို့ထက်ပိုများပါတယ်။ ဒါပေမဲ့မလေးရှားထက်တော့နည်းပါတယ်။

မေး - ၁၉၆၅ မှာရန်ကုန်လေဆိပ်က အာဆီယံမှာအကြီးဆုံးလား
ဖြေ - ၁၉၆၅ မှာ ရန်ကုန်လေဆိပ်က မြန်မာပြည်ရဲ့အဓိကလေဆိပ်ဆိုပေမဲ့ အာဆီယံမှာတော့ အကြီးဆုံးမဟုတ်ပါဘူး။ အဲ့ဒီအချိန်က စင်္ကာပူချန်ဂီလေဆိပ်က နှစ်စဉ်ခရီးသည်တစ်သန်းကျော်၊ ဘန်ကောက်ဒုံမောင်းလေဆိပ်က ၅ သိန်းကျော်နှင့် ဟိုချီမင်းလေဆိပ်က ၃ သိန်းကျော် ကိုဝန်ဆောင်မှုပေးနေပါပြီ။ ရန်ကုန်လေဆိပ်က ဒီဒေသတွင်း လေဆိပ်တွေရဲ့အနောက်မှာသာရှိပါတယ်။

မေး - ရန်ကုန်တက္ကသိုလ်ကရော ဒေသတွင်းမှာအကောင်းဆုံးလား သို့မဟုတ် ထိပ်တန်းအဆင့်မှာရှိလား
ဖြေ - အဲ့ဒီအချိန်က တက္ကသိုလ်တွေအတွက် စံသတ်မှတ်ချက်တွေနှင့် အမှတ်ပေးစနစ်တွေမရှိသေးတာကြောင့် အတည်ပြုလို့မရနိုင်ပါဘူး။ ဒါပေမဲ့ Malaya တက္ကသိုလ် (မလေးရှား) နှင့် Chulalongkorn တက္ကသိုလ် (ထိုင်း) တွေကတော့ ဒေသတွင်းမှာနာမည်ကြီးပါတယ်။

မေး - လီကွမ်ယုကဘယ်တက္ကသိုလ်မှာပညာသင်ကြားခဲ့ပါသလဲ။
ဖြေ - Raffles Colleges (ယခုစင်္ကာပူအမျိုးသားတက္ကသိုလ်ရဲ့တစ်စိတ်တစ်ပိုင်း) မှာစတင်ပညာသင်ကြားခဲ့ပါတယ်။ စစ်ပြီးတဲ့ချိန်မှာ Cambridge တက္ကသိုလ်ပြောင်းရွေ့ပြီး ဥပဒေပညာနဲ့ ပထမအဆင့်ဘွဲ့နှစ်ခုရယူခဲ့ပါတယ်။

အနှစ်ချုပ် စင်္ကာပူကျွန်းကို ၁၈၀၀ ပြည့်အစောပိုင်းကလတွေတည်းက ဗြိတိသျှတို့က နိုင်ငံတကာကုန်သွယ်ရေးလမ်းကြောင်းရဲ့ အချက်အခြာမှာတည်ရှိတာကြောင့် အဓိကဆိပ်ကမ်းတစ်ခုအဖြစ် စနစ်တကျတည်ဆောက်ခဲ့တာကြောင့် အရှေ့တိုင်းရဲ့လီဗာပူးလို့တင်စားခေါ်ခဲ့ကြပါတယ်။ ဒီအဖြေတွေအရ ရန်ကုန်ကဘယ်တုန်းကမှ စင်္ကာပူရဲ့ level ကိုနီးနီးစပ်စပ်တောင်မရောက်ခဲ့ဘူးလို့ သတ်မှတ်နိုင်ပါတယ်။

Copy to #SFact

Post a Comment

Previous Post Next Post