ပြန်နိုးထလာတဲ့ Wagner


          Wagner နဲ့ပရီကိုရှင်ဟာခွဲမရအောင် သိထားကြတယ်၊ ယူကရိမ်းစစ်မှာ အောင်မြင်အောင် တိုက်ခိုက်နှိုင်ပြီး၊ အာဖရိကမှာ ပူတင့်ဩဇာကို ဖြန့်ကျက်ပေးနိုင်ခဲ့လို့ အရှိန်မြင့်လာတဲ့ ပရီကိုရှင် ဟာ ရုရှား ကာကွယ်ရေးဝန်ကြီး၊ ဦးစီးချုပ်တွေနဲ့ ထိတ်တိုက်တွေ့ရာကနေ မကြေနပ်လို့ မော်စကို ကိုချီတက်လာခဲ့ရာမှ နောက်ဆုံး လေယာဉ်ပျက်ကျပြီး သေဆုံးသွားခဲ့တယ်၊  Wagner တပ်ဖွဲ့လဲ မှေးမှိန်သွားခဲ့ပါတယ်၊

           ပရီကိုရှင်နေရာမှာ ဗိုလ်ချုပ်ကြီး Andrew Averyanov ကအစားထိုးတာဝန်ယူခဲ့တယ်၊  Wagner ဟာ ကြေးစားတပ်ဖြစ်ပေမဲ့ ပူတင့်ဩဇာအောက်မှာရှိနေပြီး တိုက်ကြီး (၃)တိုက်နဲ့ နိုင်ငံပေါင်းများစွာမှာ ပူတင့်အတွက်အလုပ်လုပ်ပေးနေတဲ့တပ်ကြီးဖြစ်ပါတယ်၊

            အလွန်အကျိုးအမြတ်ကြီးမားစွာရရှိနေတဲ့ အာဖရိကလိုနေရာမျိုးမှာ ပူတင့်ဩဇာ မှေးမှိန်လို့ မရပါ၊ Wagner ဩဇာမှေးမှိန်လို့မရပါ၊ ဒါကြောင့် Wagner ဟာပုံရိပ်တကြော့ပြန် ပြန်ကြီးမားလာပြီး ပြာပုံထဲက ပြန်ထလာခဲ့ပါပြီ၊

             Wagner အတွက် စစ်သားစုဆောင်းရေး လုပ်ဆောက်ရာမှာ စစ်သည် (၂၀,၀၀၀) ကိုအလွယ်တကူ ရရှိလိုက်ပါတယ်၊ လစာအနေနဲ့ ရူဗဲလ်
(၂၈၀,၀၀၀) £ ၂၄၀၀ လောက်ရရှိကြမှာဖြစ်လို့ Wagner တပ်ဖွဲ့ဝင်ဖြစ်ချင်သူတွေလဲ များပြားလှပါတယ်၊

             Wagner ဟာ ပူတင်အားထားရတဲ့ ကြေးစားတပ်ဖွဲ့ကြီးတခုဖြစ်ပြီး၊ အနောက်အုပ်စုတွေကပါ ကြောက်ရွံ့စိုးရိမ်ရတဲ့ တိုက်ခိုက်ရေးအလွန်ကောင်းတဲ့ တပ်တခုဖြစ်ပါတယ်၊

.

Post a Comment

Previous Post Next Post