အမြစ်ဖြတ်ချေမှုန်းပေးပါ...



AA အကြမ်းဖက်မီဒီယာတွေ တင်ထားတဲ့ရေတပ်သင်္ဘော (၃)စီး နစ်မြုပ်ခဲ့တဲ့ ဖြစ်စဉ်ကိုပြောရရင် ကြားသိရသလောက်ကတော့ ရေတပ်အနေနဲ့ စစ်သည် မိသားစု ဝင်တွေကို သယ်ယူပို့ဆောင်တဲ့အချိန် AA အကြမ်းဖက်တွေက အသိတရား ကင်းမဲ့စွာ အင်အားသုံးဆောင်ရွက်ခဲ့တာလို့ မြင်ပါတယ်။ သင်္ဘောတွေကလည်း သယ်ယူပို့ ဆောင်ရေးသင်္ဘောတွေပဲ ဖြစ်ပါတယ်။ သင်္ဘောနစ်မြုပ်ချိန်မှာလဲ ကမ်းပေါ်ကို ကူးခတ် ရောက်ရှိသွားတဲ့ မိသားစုဝင်တွေနဲ့ စစ်သည်၊ အရာရှိတွေကို AA နှင့် အပေါင်းအပါ များက ကမ်းပေါ်မှာစောင့်ဆိုင်းပြီး လူမဆန်စွာ ဓါးများဖြင့် လိုက်လံခုတ်ခဲ့ပြီး သေဆုံး သူများစွာကို တွေ့ရှိရကြောင်း စိတ်မကောင်း စွာကြားသိရပါတယ်။ အဆိုပါ စစ်သင်္ဘော တွေဆိုတာ စစ်တပ်အတွက်ပဲ သယ်ယူပို့‌ဆောင်ပေးနေတာ မဟုတ်ပဲ  မိုခါသဘာဝဘေး ရခိုင်မှာဖြစ်တော့ တပ်မတော်မှ ဒုက္ခရောက်ပြည်သူများ ကူညီစောင့်ရှောက်ရေးလုပ် ငန်းတွေမှာ များစွာအကျိုးပြုခဲ့တာကို ပုံတွေကြည့်ရင်သိနိုင်ပါတယ်။ လူမျိုးတုန်း သတ်ဖြတ်မှုကို တစ်သွင်သွင် အော်နေတဲ့ ရခိုင်အကြမ်းဖက် မီဒီယာတွေက အခုတော့ AA အကြမ်းဖက်တွေရဲ့ လူမဆန်စွာသတ်ဖြတ်နေတာကို ထောက်ခံအားပေးနေတာ ပြည်သူတွေတွေ့မြင်ရမှာပါ။AA အကြမ်းဖက်တွေနှင့်အပေါင်းအပါများရဲ့လုပ်ရပ်ဟာ ဂျီနီဗာကွန်ဗန်းရှင်းရဲ့ ပြဌာန်းချက်ဖြစ်တဲ့ စစ်သုံ့ပန်းများကိုဆက်ဆံခြင်း ဆိုင်ရာ ကွန်ဗန်းရှင်း၊ ပင်လယ်ပြင်တွင် ထိခိုက်ဒဏ်ရာရသူများ ၊နာမကျန်းသူများ နှင့် သင်္ဘောပျက်သူများ ဆိုင်ရာကွန်ဗန်းရှင်းတွေကို ဘာမှနားလည်သိရှိခြင်းမရှိဘဲ အမုန်းတရားရိုက်သွင်း ခြင်းများကို အခြေခံပြီး ဥပဒေမဲ့လုပ်ရပ်များကို ပေါ်ပေါ်ထင်ထင် ကျူးလွန်မှုတွေပဲ ဖြစ်ပါတယ်။
ဒီဖြစ်စဉ်အပေါ်တပ်မတော်အနေနဲ့ ဘယ်လိုတုံ့ပြန်မလဲစောင့်ကြည့်ရမှာပါ။ AA အကြမ်းဖက်သောင်းကျန်းသူတွေကတော့ အကြမ်းဖက်လမ်းစဉ်အတိုင်း စည်းလွတ် ဘောင်လွတ် လုပ်ဆောင်နေတာကိုတွေ့ရပေမဲ့ တပ်မတော်ဘက်ကတော့ နိုင်ငံတကာ ဥပဒေများကိုပါ ထိန်းကြောင်းလိုက်နာဆောင်ရွက်နေဆဲဖြစ်တာကို တွေ့ရပါတယ်။ ကျွန်တော်တို့ပြည်သူတွေအနေနဲ့ကတော့ အကြမ်းဖက်သောင်းကျန်းသူတွေကို အမြစ် ဖြတ်ချေမှုန်းပေးပါလို့ တောင်းဆိုချင်ပါတယ်။
ကျော်ကြီး

Post a Comment

Previous Post Next Post