ဘူးသီးတောင်ဆန္ဒပြပွဲတွင်ပါဝင်သော ဘင်္ဂလီများအား AAအဖွဲ့မှ ဖမ်းဆီးရိုက်နှက်ခြင်းများပြုလုပ်

AA ခဲဝါအဖွဲ့ မှ ဘူးသီတောင် မြို့အတွင်းနေထိုင်သော ဘဂါလီလူမျိုးများအား အတင်းအဓမ္မ လိုက်လံဖမ်းဆီးလျက်ရှိ
ဘူးသီတောင် မြို့နယ်အတွင်း ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ တွင် ဘဂါလီလူမျိုးများမှ AA ခဲဝါအဖွဲ့အား အလိုမရှိကြောင်း ဆန္ဒ ပြပွဲ ပြုလုပ်ပြီးနောက် ညပိုင်းတွင် AA ခဲဝါအဖွဲ့ ၏ နယ်မြေမှုး ဆိုသူများမှ ပါဝင်သူများအား ရိုက်နှိက် ဖမ်းဆီး လျက်ရှိသည်အတွက် ဘဂါလီလူမျိုးများထွက်ပြေးတိမ်ရှောင်နေလျက်ရှိကြောင်း သိရှိရပါသည်။
AA ခဲဝါ အဖွဲ့ဝင်များအနေဖြင့် ယခင်က ရခိုင်-ဘဂါလီ ဟန်ပြချစ်ကြည်ရေး လုပ်ပြခဲ့သော်လည်း နောက်ပိုင်းတွင် ဘဂါလီ လူမျိုးများနေထိုင်သည့် ကျေးရွာ/ ရပ်ကွက်များ၌ လူသစ်အတင်းအဓမ္မစုဆောင်းခြင်း၊ ရိက္ခာ/ဆက်ကြေးများ တောင်းယူခြင်း၊ ၎င်းတို့တောင်းရမ်းသည်များမရပါက ဖမ်းဆီးသတ်ဖြတ်ခြင်း၊ အကြောင်းအမျိုးမျိုးပြဖမ်းဆီး၍ ငွေတောင်းရမ်းခြင်း စသည့်အကြမ်းဖက်မှုများကို လုပ်ဆောင်နေသည့်အတွက် ယခုလို ဆန္ဒထုတ်ဖော်လာကြခြင်းဖြစ်ကြောင်း သိရှိရပါသည်။

Post a Comment

Previous Post Next Post