မိုးညှင်းမြို့နယ်တွင် ထိန်းချုပ်ဓာတုပစ္စည်း ၂၆.၂၅ တန် ဖမ်းဆီးရမိ

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ်လ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က မိုးညှင်းမြို့နယ်၊ ကြာကြီးကွင်းကျေးရွာအနီးတွင် သန်းစိုးအောင်(ခ)လပြည့် မောင်းနှင်ပြီး သက်နိုင်ဦး(ခ)ဖိုးပိန် လိုက်ပါလာသည့် YANG FOND အမျိုးအစား မော်တော်ယာဉ်နှင့် ဖြိုးသူကျော် မောင်းနှင်ပြီး ဝင်းဟိန်း လိုက်ပါလာသည့် YANG FOND အမျိုးအစား မော်တော်ယာဉ်တို့ကို သတင်းအရ စစ်ဆေးရှာဖွေရာ အဆိုပါယာဉ် ၂ စီးပေါ်မှ ထိန်းချုပ်ဓာတုပစ္စည်း AMMONIUM NITRATE ၂၆ ဒသမ ၂၅ တန် သိမ်းဆည်းရမိခဲ့ပါသည်။
ထို့ကြောင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရပါသည်။

#CCDAC MYANMAR
#myanmarfocus

Post a Comment

Previous Post Next Post