အင်ဒိုနီးရှား၌ သင်္ဘောမှောက်၊ နှစ်ဦးသေ၊ ၂၂ ဦး ပျောက်ဆုံး

ဂျကာတာ၊မတ် ၁၃  
 
အင်ဒိုနီးရှား၌ ငါးဖမ်းသင်္ဘောတစ်စီးတိမ်းမှေ-ာက်မှုကြောင့် နှစ်ဦး‌ေ-သဆုံးကာ ၂၂ ဦးပျောက်ဆုံးနေလျှက် လှေမှေ-ာက်ပြီးသုံးရက်အကြာတွင် သင်္ဘောသား ၁၁ ဦးအားအသက်ရှင်လျက်ပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်းသိရသည်။ 
 
အဆိုပါ‌သင်္ဘောပေါ်၌ သင်္ဘောဝန်ထမ်း ၃၅ ဦးထက်မနည်းလိုက်ပါလာပြီး တောင်ပိုင်းဆူလာဝေစီရှိ Selayar ကျွန်းအနီးတွင်န-စ်မြု-ပ်ခဲ့ခြင်းလည်းဖြစ်ကာ ၎င်းသင်္ဘောသည် ရာသီဥတုဆိုးရွားမှုကြောင့် န-စ်မြု-ပ်ခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။ 
 
အဆိုပါသင်္ဘောသည် မတ်လ ၃ ရက်နေ့ကစတင်ထွက်ခွာခဲ့ခြင်းဖြစ်ပြီး အင်ဒိုနီးရှားရေတပ်နှင့်စေတနာ့ဝန်ထမ်းများသည် ကယ်ဆယ်ရေးလုပ်ငန်းများအား ဆက်လက်လုပ်ဆောင်နေသေးကြောင်းလည်းသိရသည်။

Post a Comment

Previous Post Next Post