AAပစ်ခတ်ခဲ့မှုကြောင့် စစ်တွေမြို့၊ ရွှေပြည်သာကျေးရွာရှိ မူလတန်း(လွန်)ကျောင်းပျက်စီး

၁၃. ၃. ၂၀၂၄
Written by Nyein Kyaw

ရခိုင်ပြည်နယ်၊ စစ်တွေမြိုနယ်၊ ကျေးတောရွာမအုပ်စု၊ ရွှေပြည်သာကျေးရွာအတွင်းသို AA လက်နက်ကိုင်များက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ကျေးရွာအတွင်းရှိ အခြေခံပညာမူလတန်း(လွန်) ကျောင်းဝန်းအတွင်းမှ စာသင်ဆောင်အဆောက်အဦများ ပျက်စီးဆုံးရှုးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်‌ရေးကောင်စီ (SAC)၏ သတင်းထုတ်ပြန်ရေးအဖွဲမှ ယနေ့တွင် ထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ AA လက်နက်ကိုင်များသည် မတ်လ ၁၃ ရက် (ယနေ့) နံနက် ၉ နာရီခွဲခန့်တွင် ပုဏ္ဏားကျွန်းမြိုနယ်၊ ခမောင်းတောကျေးရွာဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် စစ်တွေမြိုနယ်၊ ရွှေပြည်သာကျေးရွာအတွင်းသို လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ကျေးရွာအတွင်းရှိသော အခြေခံပညာမူလတန်း(လွန်)ကျောင်းဝန်းအတွင်းရှိ စာသင်ဆောင် အဆောက်အဦများ ပျက်စီးဆုံးရှုးခဲ့ကြောင်းနှင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း ထုတ်ပြန်ထားသည်။

AA လက်နက်ကိုင်များအနေဖြင့် တည်ငြိမ်အေးချမ်းလျက်ရှိသော မြို၊ ရွာ၊ ရပ်ကွက်များအတွင်း လက်နက်ကြီးများ အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခြင်း၊ တိုက်ပွဲများ ဖော်‌ဆောင်ခြင်း၊ ဒေသကောင်းစားရေးဟု သုံးနှုန်း၍ အမှန်တကယ်တွင် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

#MT news

Post a Comment

Previous Post Next Post