မျက်နှာကြီးရာ ဟင်းဖတ်ပါတဲ့ အနောက်အုပ်စု***


၂၂ ရက်နေ့က မော်စကိုမြို့နားက ကရိုကပ်စ်ခန်းမ အကြမ်းဖက်ခံရတယ်။ သေဆုံးသူ ၁၅၀ ဦးခန့်ရှိပြီး ၂၀၀ နီးပါးလောက် ဒဏ်ရာရတယ်လို့ သိရတယ်။ ဒီလိုအကြမ်းဖက်လုပ်ရပ်ကို ဆန့်ကျင်ကြောင်း၊ ရုရှားပြည်သူ တွေနဲ့ ထပ်တူရှိကြောင်းကို အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေက အပြိုင်အဆိုင် ဝမ်းနည်းကြောင်း စာထုတ်ကြတယ်။ မှန်ပါတယ် .. မြန်မာနိုင်ငံအနေနဲ့လည်း အထူးဝမ်းနည်းမိပါတယ်။
-
ကိုယ်တွေပြောချင်တာက မော်စကိုအကြမ်းဖက်ခံရမှုဟာ မြန်မာနိုင်ငံနဲ့ယှဉ်ရင် ဆင်နဲ့ နှမ်းစိလောက် ကွာခြားတယ်။ မြန်မာပြည်မှာ အနုဂျီးရဲ့ အကြမ်းဖက်သမားတွေကြောင့် ရဟန်း ရှင် လူ ပြည်သူပေါင်း ၁၅၀၀၀ လောက် အသက်ဆုံးရှုံးခဲ့ရတယ်။ နေ့စဉ်နဲ့ အမျှ အပြစ်မဲ့ပြည်သူတွေ အကြမ်းဖက်ခံနေရတယ်။ ဒါပေမယ့် ဘယ်အနောက်နိုင်ငံ၊ ဘယ်အနောက် မီဒီယာမှ ဘာမှမပြောကြဘူး .. ပါးစပ်ပိတ်နေကြတယ်။
-
အနောက်အုပ်စုက အကြမ်းဖက်တွေကို ထောက်ပံ့ပေးနေကြတယ်။ အခု မော်စကိုဖြစ်စဉ်မှာလည်း သူတို့ရဲ့ စနက်တွေပါနိုင်တယ်။ သို့သော် ရုရှားက အင်အားကြီးနိုင်ငံမို့ ဝမ်းနည်းပါကြောင်း အကြိမ်ကြိမ် စာထုတ်နေတယ်။ မဟုတ်ရင် ပူတင်ရဲ့ တန်ပြန်မှုတွေလာမှာကို သိလို့။
-
အနောက်အုပ်စုက မြန်မာပြည်သူတွေအပေါ်တော့ လူရယ်လို့သဘောမထားတာလား၊ ရှိတယ်လို့ မထင်တာလား၊ မမြင်ချင်ယောင်ဆောင်နေတာလားတော့ မပြောတတ်ပါ။ မြန်မာဆိုတဲ့အတိုင်း ဒို့လူမျိုးတွေက မာ ပါတယ်။ ကိုယ့်ခြေထောက်ပေါ် ရပ်မယ်၊ ဘယ်သူ့အားမှ မယူဘူး။ ဂရုလည်း မစိုက်ပါဘူး။
-
အင်း .. ဒါပေမယ့် မြန်မာလူမျိုးတွေ (အထူးသဖြင့် ဗမာတွေ) စည်းလုံးညီညွတ်ဖို့လိုမယ် .. အမှန်/ အမှားကို ဆင်ခြင်နိုင်တဲ့ အသိတရားတွေ ရှိဖို့တော့လိုမယ်။ အင်အားကြီးနိုင်ငံဖြစ်အောင် ကြိုးစားဖို့လိုမယ်။ ဒါဆိုရင် အရာအားလုံးကို အေးဆေးစွာ ကျော်ဖြတ်နိုင်မှာပါပဲ။

Post a Comment

Previous Post Next Post