တပ်မတော်မခိုင်လျှင် တိုင်းပြည်ယိုင်မည်



လက်ရှိတိုင်းပြည်အခြေအနေယိုင်နဲ့လာမှုတွေရဲ့ အကြောင်းရင်းဟာ တပ်မတော်အင်အားတောင့်တင်းခိုင်မာမှုမရှိလို့ဆိုတဲ့အားနည်းချက်ကို အမှန်အတိုင်းမြင်ဖို့လိုပါတယ်။

အင်အားတောင့်တင်းခိုင်မာတဲ့တပ်မတော်ဖြစ်အောင် အမြန်ဆုံးပြန်လည်ပြုပြင်တည်ဆောက်နိုင်မှသာစစ်ရေးအကျပ် အတည်းတွေကနေ ဖောက်ထွက်နိုင်ပြီး တိုင်းပြည်ယိုင်နဲ့လာမှုကို ပြန်တည့်မတ်နိုင်ပါလိမ့်မယ်။

အင်အားဆိုတာလူအင်အားတစ်ခုတည်း မဟုတ်ဘဲလက်နက်အင်အား၊စိတ်ဓာတ်အင်အား၊ပြည်သူလူထု ထောက်ခံအားပေးမှုအင်အားတွေ ပါဝင်ပါတယ်။လူအင်အားလက်နက်အင်အားထက် စိတ်ဓာတ်အင်အားနဲ့လူထုထောက်ခံမှုအင်အားနှစ်ရပ်ကိုအလျင် အမြန်တည်ဆောက်နိုင်ဖို့ လိုပါတယ်။

တိုက်ပွဲဝင်အရာရှိစစ်သည်များအပါအဝင်တပ်မတော်တစ်ရပ်လုံး စစ်ရေးဆိုင်ရာတိုက်စိတ်ခိုက်စိတ် စိတ်ဓာတ်တက်ကြွမြင့်မားရေးအတွက်ခေါင်းဆောင်များကနည်းလမ်းမျိုးစုံနဲ့အပူတပြင်း လုပ်ကြရပါမယ်။

နိုင်ငံရေးအရ နိုင်ငံရေးစကားပြောဆိုမှုများမှာအရာရှိစစ်သည်များ တိုက်စိတ်ခိုက်စိတ်လျော့ ပါးစေမယ့်စကားလုံးများကိုသတိပြုရှောင်ကျဥ်သင့်ပါတယ်။(ဥပမာ...ရန်သူ့အလောင်းလက်နက်တွေရတာ ဝမ်းသာစရာမဟုတ်ဘူး လို့ ပြောရင် လုံလောက်ပြီဖြစ်တာကို "ဂုဏ်ယူစရာမဟုတ်ဘူး"လို့ပြောတာမျိုး )

အစိုးရရဲ့ဦးဆောင်မှုနောက်ပြည်သူလူထုလိုက်ရမှာဖြစ်သလို ပြည်သူလူထု ရဲ့ယုံကြည်ထောက်ခံအားပေးမှုရအောင် အစိုးရကလည်း မှန်ကန်တဲ့ဦးဆောင်မှုပြနိုင်ဖို့လိုပါတယ်။

စစ်ရေးအသာစီးရတာနဲ့ ဘက်စုံအသာစီးရလာမှာဖြစ်သလို စစ်ရေးအသာစီးမရတာနဲ့အမျှ ကိုယ်ခံအားနည်းတဲ့သူထံ ရောဂါမျိုးစုံ ဝင်ရောက်လာသလို တိုင်းပြည်အလုံးစုံပျက်သုဥ်းရေးပိုးမျိုးစုံဝင်ရောက်လာမှာဖြစ်တဲ့အတွက် စစ်အင်အားတောင့်တင်းခိုင်မာရေးသာ ပထမ၊ဒုတိယ၊တတိယ အဖြစ် အပူတပြင်း အားထည့်ပြုပြင်တည်ဆောက်ကြဖို့အရေးတကြီးလိုအပ်နေပြီဖြစ်ပါတယ်။

တရုပ်နောက်ခံကွန်မြူနစ်ဇာတ်ပျက်စစ်ဘုရင်ဝါဒီတွေနဲ့ အမေရိကန်နောက်ခံဒီမိုကရေစီအမည်ခံ မင်းမဲ့ဝါဒီတွေ က စစ်အာဏာရှင်စနစ်ကျဆုံးရေး ဘုံရည်မှန်း ချက်လို့ ပြောကြပေမယ့် အဲဒီအဆင့်ပြီးသွားရင် တိုင်းပြည်ဘာဆက်ဖြစ်မှာလဲ ဆိုတာ မပြောရဲကြပါဘူး။

စစ်အာဏာရှင်လို့ပြောနေကြတဲ့တပ်မတော် ယိုင်လဲတာနဲ့ ဘာဒီမိုကရေစီ ဘာဖက်ဒရယ် မှ ဖြစ်မလာဘဲ ဆီးရီးယားလစ်ဗျားထက်ဆိုးတဲ့လက်နက်ကိုင် နယ်လုပွဲအာဏာလုပွဲ၊လူမျိုးရေးအာဃာတ စစ်ပွဲတွေနဲ့ တိုင်းပြည်အစိတ်စိတ်အမြွှာမြွှာပြိုကွဲပျက်စီးသွားမှာဖြစ်တဲ့အတွက် တိုင်းပြည်ရဲ့အနာဂတ်ဟာ တပ်မတော်အင်အားတောင့်တင်းခိုင်မာမှုရှိမရှိအပေါ်မှာ မူတည်နေပါတယ်။

#ThaungLwinHein

Post a Comment

Previous Post Next Post