ကျားဖြန့်ရှင်းလင်းရေးကသပ်သပ်၊ မြို့သိမ်းပြီး နယ်မြေချဲ့တာက သပ်သပ်ပါ

မြောက်ပိုင်းမဟာမိတ်အဖွဲ့ရဲ့ ထုတ်ပြန်ချက်သဘောက ဟိုဂင်သဘောတူညီချက်ကို ကိုင်ပြီး သိမ်းထားတဲ့ နယ်မြေတွေကို သူတို့အပိုင်ဆိုတဲ့ သဘောမျိုး ချည်နှောင်လာတဲ့ သဘောလို့ပဲ ယူဆတယ်။ (ဖွဲ့စည်းပုံတွေ ဘာတွေ နားမလည်ဘူး)

တရုတ် တွေးနေပုံက ကုန်သွယ်ရေးလမ်းပြန်မပွင့်နိုင်သရွေ့ နေ့စဉ် ၊ ရက်စဉ် ထိခိုက်နေဦးမှာပဲ။ နှစ်နိုင်ငံစလုံးထိခိုက်တယ်ဆိုပေမယ့် မြန်မာအတွက်တော့ သေလည်း မထူးတဲ့အခြေအနေကြီး။ တစ်ခုတော့ ရှိတာပေါ့ ငါဒိုင်လုပ်ပေးလို့ ဒီမြို့လောက်နဲ့ပြီးသွားတာဆိုတဲ့ သဘောလည်း ပြောကောင်းပြောနိုင်တာပေါ့။ ဒါပေမယ့် တရုတ်ကို ပြောရမယ့် စကားက တခွန်းပဲရှိမှာပါ။ အိမ်တွင်းနိုင်ငံရေးပြဿနာကို စီးပွားရေးနဲ့ တွဲကြည့်ပေးလို့မရဘူးဆိုတာမျိုးပေါ့။  အချုပ်အခြာအာဏာ ဆုံးရှုံးမှုနဲ့ စီးပွားရေးဆုံးရှုံးမှုမှာ အတိမ်အနက်ချင်း က မိုးနဲ့မြေ လောက်ကွာပါတယ်။

နိုင်ငံ မနာရလေအောင် ပြန်ဖွင့်ဖို့ ကြိုးစားမယ်ဆိုရင်တောင် မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုနဲ့ ဖွဲ့စည်းပုံအပေါ် တရုတ်အနေနဲ့ လေးစားမှု ရှိရပါ့မယ်။ ကျားဖြန့်ရှင်းလင်းရေးကသပ်သပ်၊ မြို့သိမ်းပြီး နယ်မြေချဲ့တာက သပ်သပ်ပါ။

(နရီမိုး)

Post a Comment

Previous Post Next Post