ကူမင်းသဘောတူညီချက်နှင့် ပတ်သတ်သ၍...



စတုတ္တအကြိမ်ဆွေးနွေးပွဲ အပြီး တစ်ဖက်မီဒီယာ တွေနဲ့ တချို့သော Social Influencer တွေဆီကနေ ဘယ်သူဆွေးနွေးသွားမှန်းမသိတဲ့ အချက်တွေကို ရောကြိတ်တဲ့ သတင်းတွေထွက်လာတယ်

မနေ့ညကတော့ နစက သတင်းမှန်ပြန်ကြားရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း က အများပြည်သူ စိုးရိမ်နေတဲ့ အချက်တွေအနက် ထုတ်ပြန်လို့ရသမျှ အချက်လေးတွေ ထုတ်ပြန်သွားတယ်

ဆွေးနွေးပွဲ မှာ ဆွေးနွေးသမျှ ထုတ်ပြောလို့မရဘူးဆိုတဲ့ အချက်ကို အားသာချက်ယူပြီး တစ်ဖက်က ဖွလို့ကောင်းသွားတယ်လို့ပဲပြောရမှာပေါ့။

ကာယကံရှင် NSPNC နဲ့ မြောက်ပိုင်းသုံးဖွဲ့၊ ကြားခံ တရုတ် အကျိုးဆောင်အဖွဲ့ရယ် ၃ ဖွဲ့စလုံးရဲ့ သဘောတူညီချက်မှာ ထုတ်ပြန်လို့မရဆိုတဲ့ အချက်ကိုလဲ အားလုံး သဘောတူထားပြီးသားဆိုပေမဲ့ အရှေ့မြောက်ဒေသ ငြိမ်းချမ်းရေး ရသွားမှာကို မလိုလားတဲ့ အဖွဲ့အစည်းတွေက အင်နဲ့ အားနဲ့ ကို ဖြစ်နိုင်ကောင်းပါရဲ့ဆိုတဲ့ အချက်တွေကို စိတ်ကူးနဲ့ ကွန့်မြူးလိုက်တော့ ဟုတ်လောက်တယ်ဆိုတဲ့ အသံတွေ ညံကုန်တာလဲ မဆန်းဘူးရယ်

ဆိုတော့ ... မနေ့ကလဲ ကျွန်တော် တင်ပြပြီးပါပြီ။
- ၂၀၀၈ ခြေဥမှာပါတဲ့ ကိုးကန့်အထူးဒေသ ဆိုတာကို အသိအမှတ်ပြုတာကလွဲလို့ နမ္မတူကိုယူပါ၊ ကွမ်းလုံကို ယူပါဆိုပြီး တစ်ခုမှ အသိအမှတ်ပြု‌ခြင်းမရှိပါဘူးဆိုတာ အခိုင်အမာပါ။

ဗိုလ်ချုပ်ဇော်မင်းထွန်း ညက ထုတ်ပြန်သွားတဲ့အချက်ထဲမှာလဲ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ဆက်လက်စွဲကိုင်ပါ တယ်လို့ ‌ပြောသွားပြီးသားပါ။

- နယ်စပ်ကုန်သွယ်ရေးအတွက် အမြန်ဆုံးအကောင်အထည်ဖော်ဖို့ ဆွေးနွေးနေတာမှန်ပေမဲ့ "သားကြီး ငါ့တော့ ၇၀% ပေးကွာ ၊ မင်းကတော့ ၃၀% ယူပါ" ဆိုတာလဲ ဘယ်သူမှ ဆွေးနွေးခဲ့ကြခြင်းမရှိပါဘူး။ ပြောလို့လဲမရဘူးလေ။ စဉ်းစားကြည့် .... ‌မြောက်ပိုင်းသုံးဖွဲ့ဆိုတာ လက်နက်ကိုင်တွေရယ်။ အစိုးရမဟုတ်ဘူး။ ဒါကို တစ်ဖက်က ကုန်သွယ်ဖက် တရုတ်နိုင်ငံကလဲ အသိအမှတ်ပြုထားပြီးသား။ ဆိုတော့ လက်နက်ကိုင် နဲ့ ကုန်သွယ်မှုလုပ်မလား ... လက်ရှိ အစိုးရနဲ့ ကုန်သွယ်မှုလုပ်မလားဆိုတာ ကလေးတောင်တွေးတတ်သေးတာရယ်။ ဒါကို ဆွေးနွေးပွဲမှာ မသိရင်ဝင်ထိုင်လာတဲ့ အထှာနဲ့ ခပ်တည်တည်နဲ့ ဖွကြတာ။

ကြားဖြတ်အနေနဲ့ပြောရမယ်ဆိုရင် ကိုးကန့် News တို့ ဟို News တို့ ဒီ News တို့ဆိုပြီး ခပ်တည်တည်နဲ့ အဂ်လိပ်လို တရုတ်လိုပါရင်ပြီးရော ဆိုတဲ့ Page တွေလဲယုံမနေနဲ့။ အဲ့ဒါ အတုတွေပါတဲ့

ဆိုတော့ .... အဲ့လိုတွေ ဘာလို့ ဖွကြလဲ။ အဖြေကရှင်းပါတယ်။ အရှေ့မြောက်ဒေသ မငြိမ်းချမ်းစေချင်လို့။ စစ်မီးတွေမငြိမ်းစေချင်လို့ပါ။

စစ်မီးငြိမ်းရင် ဘာဖြစ်လဲ။ နစက ကို အနိုင်မတိုက်နိုင်တဲ့ အဖွဲ့တွေ ရည်မှန်းချက်ပျောက်မယ်။ အလှူခံစားရငတ်မယ်။ ဒါတွေကြောင့် မငြိမ်းစေချင်ကြတာပါပဲ။

အနှစ်ချုပ်တင်ပြရမယ်ဆိုရင်ဖြင့် .... ခု လိုင်းပေါ်မှ ဖွနေတဲ့ အကြောင်းအရာတွေကို မယုံကြပါနဲ့။ စစ်ဖြစ်စေချင်တဲ့ သူတွေရဲ့ စိတ်ဓာတ်စစ်ဆင်ရေးနဲ့ သွေးမကွဲကြပါနဲ့ခင်ဗျာ

မင်းထက်ကျော်ဇော

Post a Comment

Previous Post Next Post