စစ်မှုထမ်းကြည့်မှ စစ်သားတွေရဲ့ဘဝကိုစာနာနိုင်မည်ဟု ကာကွယ်ရေးဝန်ကြီး(ငြိမ်း)ပြောကြား

ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းကြည့်ပါက တပ်မတော်အကြောင်း သိရှိ၍ စစ်သားများအပေါ် စာနာသွားနိုင်မည်ဟု ကာကွယ်ရေးဝန်ကြီးအဖြစ်တာဝန်ယူခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း)ပြော

ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းကြည့်ပါက တပ်မတော်အကြောင်းသိရှိ၍ စစ်သားများအပေါ် စာနာသွားနိုင် မည်ဟု ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသူ ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) စိန်ဝင်းက အင်တာဗျူးတစ်ခုတွင် ပြောကြားလိုက်ပါတယ်။ 
အဆိုပါစကားကို ယနေ့ (မတ်လ ၂၂ ရက်) တွင် နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည့် တပ်မတော် လေ့ကျင့်ရေးတပ် (UTC) နှင့်ပတ်သက်သော အင်တာဗျူးတစ်ခုတွင် UTC တပ်ဖွဲဝင်တစ်ဦးဖြစ်ခဲ့သူ ဒုတိယဗိုလ်ချုပ် ကြီး(ငြိမ်း) စိန်ဝင်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ 

ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) စိန်ဝင်းသည် အခြေခံပညာအထက်တန်းစာမေးပွဲကို မေမြို (ပြင်ဦးလွင်) မှ ၁၉၇၂ ခုနှစ် ၌ အောင်မြင်ခဲ့ပြီး ရန်ကုန်တက္ကသိုလ်၌ သင်္ချာမေဂျာအဓိကဖြင့် တက်ရောက်နေစဉ် တက္ကသိုလ်လေ့ကျင့်ရေးတပ် UTC တွင်လည်း သင်တန်းတက်ရောက်ခဲ့ကြောင်း သိရပါတယ်။

Post a Comment

Previous Post Next Post