ပွဲဆူနေဆဲ ပြည်သူ့စစ်မှုထမ်းဂယက်

ပြည်ပြေးပြည်ပ မီဒီယာအုပ်စုက ဇာတ်နာသထက်နာအောင်အမျိုးမျိုးသွေးထိုးပေးနေတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေ ဂယက် ကြားမှာ ကိုယ်ကိုယ်တိုင်ဘယ်လိုစစ်သားစုပါတယ်လို့ မပြောရဲတဲ့ EAOခေါင်းဆောင်တချို့ကလည်း ဝင်ဖျာခင်းလာကြတာ တွေ့ရပါတယ်။

စစ်မှုမထမ်းမနေရ ဆို​ပြီး ကြုံသလိုKIAထဲဆွဲသွင်းနေတာ နှစ်ပေါင်းများစွာကြာနေပြီဖြစ်တဲ့ KIAစစ်ခေါင်းဆောင်ဂွမ်မော်က စစ်ကောင်စီကစစ်မှုမထမ်းမနေရ ဥပဒေထုတ်ပြန်သည်မှာ ရက်ပေါင်း(၄၀)ရှိပြီလို့ ဆိုပါတယ်။
"အိမ်ပြင်မထွက်ဘဲနေနေလျှင် လုံခြုံမည်ဟုယူဆသူ အများအပြားရှိသည်ကို သုံးသပ်ရသည်" လို့လည်းဆိုပြန်တဲ့အတွက် စစ်မှုထမ်းဖို့ အိမ်ထဲအထိလိုက်ဖမ်းနေတာမဟုတ်သလိုဘယ်သူမှလည်း အိမ်ထဲပုန်းနေကြတာမဟုတ်လို့ KIAဗိုလ်ချုပ်တစ်ယောက်ရဲ့ အဖြစ်မှန်နဲ့တော်တော်လွဲချော်တဲ့သုံးသပ်ချက်လည်း ဖြစ်ပါတယ်။(ကိုဗစ်နဲ့ရောသွားတာထင်တယ်)

KIAစစ်မှုထမ်းစနစ်က ဘယ်လိုကောင်းတယ်၊နစကစစ်မှုထမ်းစနစ်ကဘယ်လိုညံ့တယ်လို့ နှိုင်းယှဥ်မပြောရဲဘဲ ပွဲလန့်ဖျာခင်းဝင်လုပ်တဲ့ စရိုက်ကအချောင်သမား စိတ်ဓာတ်ကိုဖော်ပြနေပါတယ်။

အမေရိကန်တို့ ကုလသမဂ္ဂတို့ကလည်း မြန်မာပြည်သူပုန်တွေ ကလေးငယ်ကအစ ကျားမမရွေး အတင်းအဓမ္မဖမ်းဆီးစစ်သားစုဆောင်းရေးလုပ်နေကြတာကို ဘာမှမပြောခဲ့ကြဘဲ အခု နစက စစ်မှုထမ်းဥပဒေကိုတော့ ထုံးစံအတိုင်းလူ့အခွင့်အရေး၊ဒီမိုကရေစီအရေးတွေနဲ့မြိုင်မြိုင် ဆိုင်ဆိုင် ပြစ်တင်ကန့်ကွက်နေကြတာတွေ့ရပါတယ်။

ဥသျှစ်သီးကြွေကျတာကို မြေပြိုပြီ ဆိုပြီးပြေးတတ်တဲ့လူအုပ်စု၊အမိန့်ညွှန်ကြားချက်တစ်ခုထုတ်ပြီးတိုင်းအကြိမ်ကြိမ်ရှင်းလေရှုပ်လေ ဖြစ်အောင်ရှင်းရတတ်တဲ့အမိန့်အဖွဲ့နဲ့ ဘေးကနေ တောချောက် ခြောက်လှန့်မောင်းထုတ်ဖို့ အသင့်စောင့်နေပြီးကြမ်းပိုးကိုလိပ်၊လိပ်ကိုကြမ်းပိုးလို့ လိုသလို ဝါဒဖြန့်နိုင်တဲ့ ပြည်ပြေးပြည်ပ မီဒီယာအဖွဲ့တွေအကြားမှာပြည်သူ့စစ်မှုထမ်းဥပဒေဂယက်ကဆက်လက် ကြီးထွားလာနေဆဲဖြစ်ပါတယ်။

#ThaungLwinHein

Post a Comment

Previous Post Next Post