ခလေးတွေ ဘာ့ကြောင့် ပျောက်တာလဲ

ကပ်သုံးပါးဘေး ဆိုက်ရောက်ချိန်မှာ ခလေးတွေ ပုံမှန်မဟုတ်တဲ့ ဖြစ်စဉ်တွေနဲ့ ပျောက်လေ့ ရှိကြတယ်။

ဝေဘူဆရာတော်ဘုရားကြီးတို့လက်ထက် ကလည်း ခလေးတွေအများကြီးပျောက်ကြတယ် သေကြတယ် ရွာတရွာဆိုရင် ဆယ်ရက်ဆယ့်ငါးရက်တယောက်သေကြပြီးခလေးတွေ ကုန်သလောက်ဖြစ်နေပြီ ဆရာတော်ကြီးဆီရောက်လာကြတယ် ဆရာတော်ကြီးက မင်းတို့ ပထမဦးဆုံးသေတဲ့ ခလေးကိုမြေမြှုတ်တာမလားအဲဒီခလေးအလောင်းကို ပြန်ဖေါ်ပြီးမီးသဂြိုဟ် လိုက်လို့ မိန့်ခဲ့တယ် ၊
ဒါနဲ့ အလောင်းကိုပြန်ဖေါ်ကြတယ် မြေမြှုပ်ထားတဲ့အသက်တမ်းနဲ့ဆို အလောင်းက ပုပ်ပွ ပြီး ဆွေးနေရမှာ အဲဒီလိုမဟုတ်ပဲ ခလေးက သွေးကြောလေးတွေကမှအစ ရဲပြီး အိပ်နေသလို ဖြစ်နေတယ်၊ 
အဲဒီကလေးအလောင်းကို မီးရှို့လိုက်ပြီး ဆရာတော်ကြီးမိန့်သလို ကျန်တဲ့ခလေးတွေ အတွက် တမာသားကို ကြေးစည်ပုံစံ ထွင်းပြီး လယ်ပင်းတွေမှ ဆွဲပေးကြတယ် အဲဒီတော့မှ ခလေးတွေ သေတာရပ်သွားသတဲ့။

တကယ်တော့ မြေဘုတ် ပြိတ္တာ ဘီလူး တွေက သေတဲ့ ခလေး ရဲ့ အေလာင်းကောင်ကို ပူးကပ်ပြီး တခြားခလေးတွေကို လိုက်ကိုက်သတ်တာပါ သေတော့မှ သူတို့စားကြတယ်။ လူတိုင်းကိုတော့ သေအောင်လုပ်လို့မရပါဘူး အစောင့်အရှောက်ကောင်းတဲ့ခလေးတွေ ဘုန်းကံကြီးတဲ့ခလေးတွေ အကာအကွယ်လုပ်ထားတဲ့ခလေးတွေဆိုရင် သူတို့ လုပ်လို့မရဘူး၊ 

သူတို့ဟာ သူတို့ရဲ့ တန်ခိုးနဲ့ခလေးတွေကို ဖျောက်ကြတယ် စားလို့မရတဲ့ စားခွင့်မရှိတဲ့ ခလေးတွေကို ပြန်ပြီးပို့ပေးကြတယ် သူတို့ရဲ့လက်နဲ့ သတ်လို့မရဘူး အမူးသမား ဆေးသမားတွေကို သတ်အောင် စေ့ဆော်ပေးကြတယ် ဒါ့ကြောင့် သေတဲ့ခလေးတော်တော်များများ ဒဏ်ရာ တွေနဲ့ ပြန်ပြန်တွေ့ကြရလိမ့်မယ်။

ဗုဒ္ဓ ဘာသာဝင်တွေ ပြောပြောနေတဲ့ နတ်ဖွက်တယ် ဆိုတာ သူတို့လက်ချက်ပါပဲ သာမညဆရာတော်ဘုရားကြီးက အိမ်တွေမှာ ခလေးအသားခါးတယ် ဆိုပြီး စာတွေချိတ်ဖို့ ခိုင်းတာဟာ အဲဒီလိုသဘောတရား တွေကြောင့်ပါပဲ၊ 

လူ့လောကမှာ သီလ သမာဓိ ပညာ အားနည်းတဲ့အချိန်ရင် ပရလောက သားတွေက လူတွေကို နှောင့်ယှက်တတ်ကြတယ် မြေဘုတ်ဘီလူးတွေကတော့ သေအောင်ပြုလုပ်ပြီး စားကြတယ် ဘုရားရှင်လက်ထက်တော်က ကပ်ဘေးတုန်းကလည်း အဲဒီလိုဖြစ်စဉ်တွေပါပဲ သေတဲ့အလောင်းကောင်တွေကို ညဘက်ကျရင် ဘီလူးတွေက စားသောက်ကြတယ် ဆိုတာ ပါတယ်။ သူတို့ဟာ သင်္ချိုင်းတွေမှာ ညဘက်ကျရင် မြှုတ်ထားတဲ့အလောင်းကောင်တွေကို တူးဖေါ်စားသောက်ကြတယ် အဲဒါဟာ သူတို့အစားအသာပါပဲ။ သူတို့ဟာ လူ့လောကမှာ လူတွေသေဖို့ အနိဋ္ဌာရုံတွေဖြစ်အောင် အမြဲဖန်တီးကြတယ် ဒါကိုအထူးဂရုစိုက်ကြပါ။

ခုနောက်ပိုင်း ပူးတာ ကပ်တာတွေ ပိုများလာတာ သတိထားမိကြလိမ့်မယ်ထင်တယ် တကယ်တော့ အဲဒီကိစ္စကလည်း ဖန်တီးပြီးလုပ်တာမဟုတ်ဘူး တကယ်ပူးကပ်ကြတာပါ ဝေမာနိကပြိတ္တာအမျိုးအစားတွေဟာ ဘုရားရှိခိုးဖို့ သရဏဂုံတည်ဖို့ သူတို့ရဲ့ ခန္ဓာကိုအစွမ်းနဲ့ ယူလို့မရဘူး ဒါ့ကြောင့် စိတ်မခိုင်တဲ့ အမျိုးသမီးတွေကို ပူးကပ်ပြီး ခန္ဓာကိုယ်အငှားသဘောမျိုးနဲ့ ကောင်းမှူ့ကုသိုလ်ရအောင်ပြုကြရတာပါ။ သူတို့ ဘဝက ဘုရားကိုလက်အုပ်ချီပြီး ပူဇော်ဖို့ တောင် မလွယ်ဘူး ဒါ့ကြောင့် ပူးကပ်ပြီး ကုသိုလ်ယူကြရတာပါ။ နေရာအနှံ့က ဝေမာနိကပြိတ္တာတွေဟာ နဂါးပုံစံပူးကပ်ပြီး ဘုရားကိုသူတနု့ခန္ဓာကိုယ်နဲ့ပူဇော့်ကတာပါ သူတို့ပူးတာကတော့အန္တရယ်မရှိပါဘူး အပူးခံရတဲ့သူဟာ သူတို့ထွက်သွားရင်မောပြီးကျန်ခဲ့မယ် ဒါလောက်ပါပဲ။

ဒီအချိန်မျိုးဟာ ခလေးတွေအတွက်အရံအတား အကာအကွယ် လိုအပ်သလို မိမိတို့ရဲ့အိမ်တွေအတွက်လည်း ပရိတ်အရံ အတား တွေ လိုအပ်ပါတယ်။

သရဏဂုံအမြဲပွားကြပါ ငါးပါးသီလ လုံခြုံကြပါ ပရိတ်ပဋ္ဌာန်းတွေပူဇော်ကြပါ ပရိတ်ခြည် အရိတ်ရေ နဲ့ မိမိတို့အိမ်တွေကို အရံအတားပြုလုပ်ကြပါ။

တန်ခူးလ မတိုင်ခင်အထိ အဖြစ်များကြလိမ့်မယ် တန်ခူးလကျရင် သံဃာတော်တွေ ပရိတ်ရွတ်ဖတ်ပူဇော်​ကြပြီး ကမ္မဝါဖတ် ရင် သူတို့ ထွက်ပြေူကြရလိမ့်မယ် အဲဒီအချိန်မတိုင်ခင်အထိ ခလေးတွေကို အထူးဂရုစိုက်ကြပါ။

ခလေးရှိတဲ့အိမ်တွေ ကျွန်တော်ဆီမှာ ပရိတ်ခြည် နဲ့ ပရိတ်ရေ အလှူခံနိုင်ကြပါတယ် deli နဲ့ပို့လို့မရပါ လူကိုယ်တိုင်လာရောက်ယူနိုင်ပါတယ် cb ကနေ ဆက်သွယ်ကြပါ

ဦးမြင့်ခိုင်

Post a Comment

Previous Post Next Post