စစ်ကိုင်းတိုင်းအတွင်းမှာ လူငယ် ၂၀၀ ကျော်ကို အကြမ်းဖက်လှုံ့ဆော် သင်တန်းပို့ချပေးနေ

မုံရွာ၊ မတ် ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ ၊ မြင်းမူ၊ ဝက်လက်မြို့နယ်များရှိ ကျေးရွာ ပေါင်း ၁၄ ရွာမှ လူငယ် ၂၀၀ ကျော်အား မုံရွာ လူထုသပိတ်တိုက်ပွဲ ဦး‌‌‌ဆောင်ကော်မတီက အကြမ်းဖက်လှုံ့ဆော်သင်တန်းများ ပို့ချပေးနေကြောင်း သိရသည်။
အကြမ်းဖက်လှုံ့ဆော် သင်တန်းကို ၂၀၂၄ ခုနှစ် မတ်လအထိ သင်ကြားသွားမည်ဖြစ်ကြောင်း၊ သင်တန်း တက်ရောက်နေကြသူများ အထဲမှ လူငယ်အများစုသည် သက်ဆိုင်ရာ ကျေးရွာများတွင် အကြမ်းဖက်လှုပ်ရှားမှုများ ဖြစ်ပေါ်စေရန် ဦးဆောင်နေသူများဖြစ်ကြောင်း NUG အကြမ်းဖက်အဖွဲ့၏ ဝါဒဖြန့် အင်တာနက်စာမျက်နှာများတွင် တွေ့မြင်ရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အရာတော်၊ ဝက်လက်၊ ရွှေဘို၊ ရေဦး၊ တန့်ဆည်မြို့နယ်များတွင် ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့၏ သြဇာခံ PDF အကြမ်းဖက်အဖွဲ့များက တရားမဝင် စာသင်ကျောင်းများ ဖွင့်လှစ်လျက်ရှိပြီး ရွာသားများထံမှ အခကြေးငွေ ကောက်ခံတောင်းယူနေမှုများအပေါ် တာဝန်ရှိသူများအနေဖြင့် ရှင်းလင်းဆောင်ရွက်ခြင်း မရှိသဖြင့် တရားဝင်အစိုးရကျောင်းများ ဖွင့်လှစ်နိုင်ခြင်းမရှိဘဲ အကြမ်းဖက်သမားများ ဖွင့်လှစ်သစ် တရားမဝင်ကျောင်းများတွင် ကလေးငယ်များကို ကျောင်းထားနေကြရသည်။

#NewsUpdate

Post a Comment

Previous Post Next Post