စစ်သားရဲ့ အဓိက တာဝန်ကစစ်တိုက်ဖို့ပဲ.....


စစ်သားရဲ့ အဓိက တာဝန်က
စစ်တိုက်ဖို့ပဲ။

ကျန်တာလျော့ပေးလို့ရတယ်။
စိတ်ဓာတ်ပိုင်းဆိုင်ရာ ကိုတော့
လျော့ပေးလို့ မရဘူး။

စစ်တိုက်တဲ့နေရာမှာတော့ ပညာရပ် အလိုက် ကဏ္ဍ မျိုးစုံရှိတယ်။

စစ်လက်နက်ပစ္စည်းထုတ်လုပ်
သောစစ်သည်တွေဟာလည်း ဒီစစ်ပွဲမှာ သူ့ပညာရပ်နဲ့ဝင်တိုက်နေတာပဲ။

ထောက်ပံ့ရေးစစ်သည်ကလည်း သူ့ပညာရပ်နဲ့ စစ်ပွဲမှာပါဝင် တိုက်ခိုက်နေတာပဲ။

ဆက်သွယ်ရေး၊ ဆေး အားလုံး
အကူလက်ရုံး အားလုံးဟာ စစ်တိုက်နေတာပဲ ဖြစ်တယ်။

စစ်ဆင်ရေး/လုံခြုံရေးတာဝန်ထမ်းဆောင်နေမှ စစ်တိုက်နေကြတာ မဟုတ်ပါဘူး။

ကျန်တာလျော့ပေးလို့ရရင်ရမယ်၊ မူလ တာဝန် စစ်သားဖြစ်ရင် စစ်တိုက်ရမယ် ဆိုတဲ့အချက် ကတော့ လျော့ပေါ့ပေးလို့ မရပါဘူး။

ယခု ဆိုရင် ခံစားခွင့်တွေ တိုးပေးထားသလို စားဖို့နေဖို့ အားလုံးကို အကြီးအကဲ တွေက
ဂရုစိုက်ပေးနေကြတယ်။

ဝတ်ဖိုဆိုလည် ခြေထောက်ကနေ ခေါင်းအထိ လိုအပ်တာ မရှိအောင် ဖြည့်ဆည်းပေးနေတာ
တွေ့ရပါတယ်။


Post a Comment

Previous Post Next Post