တပ်မတော်က အစ္စလာမ်ဘာသာဝင်များကို ရှေ့တန်းပို့ပြီး တပ်သားသစ်စုနေသည်ဟု သတင်းအမှားရေးသား

တပ်မတော်က အစ္စလာမ်ဘာသာဝင်များကို ရှေ့တန်းပို့နေသလို တပ်သားစုဆောင်းမှုလည်း ဆက်လုပ်နေကြောင်းနှင့် စစ်မှုထမ်းမည့် လူငယ်များအတွက် တစ်အိမ်ထောင်လျှင် တစ်လငွေကျပ် ၅၀၀၀ နှုန်း စတင်ကောက်ခံဟု မဟုတ်မမှန်သတင်းများ ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် မတ် ၁၆

တပ်မတော်က အတင်းအဓမ္မစုဆောင်းသင်တန်းပေးထားသည့် အစ္စလာမ်ဘာသာဝင်များကို ရှေ့တန်းပို့ စစ်တိုက်ခိုင်းခြင်းကြောင့် တိုက်ပွဲအတွင်း သေဆုံးသွားသည့် အစ္စလာမ်ဘာသာဝင်များရှိနေသလို တပ်သားသစ်အဖြစ် အတင်းအကျပ်စုဆောင်းမှုများလည်း ဆက်လုပ်နေသည်ဟု ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်ကောလာဟလ သတင်းမှားများကို လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရ သည်။
အဆိုပါ သတင်းနှင့်ပတ်သက်၍ စစ်တွေမြို့နယ်ရှိ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ တပ်မတော်အနေဖြင့် အစ္စလာမ်ဘာသာဝင်များကို အတင်းအကျပ်စစ်သားစုဆောင်းမှုများ ပြုလုပ် သည်ဆိုသည့်သတင်းမှာ ကောလာဟလသတင်းအမှားသာဖြစ်ကြောင်း သိရှိရပြီး တရားမဝင် ပြည်ဖျက်မီဒီယာများသည် ရခိုင်ပြည်နယ်အတွင်းရှိ အစ္စလာမ်ဘာသာဝင်များနှင့်ပတ်သက်၍ မဟုတ်မမှန်သတင်းများကို ရည်ရွယ်ချက်ရှိရှိ ထုတ်လွှင့်ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သိရှိရသည်။

အလားတူ ပွင့်ဖြူမြို့နယ် မင်းမြေကျေးရွာတွင် စစ်မှုထမ်းမည့် လူငယ်များအတွက် တစ်အိမ်ထောင်လျှင် တစ်လ ငွေကျပ် ၅၀၀၀ နှုန်း စတင်ကောက်ခံကြောင်း ကောလာဟလသတင်းမှားများကိုလည်း အကြမ်းဖက်အားပေးပြည်ဖျက်မီဒီယာ Khit Thit မှ ရေးသားဖြန့်ဝေလျက်ရှိ သည်ကိုတွေ့ရှိရပြီး စစ်မှုထမ်းမည့်လူငယ်များအတွက် တစ်အိမ်ထောင်ငွေကျပ် ၅၀၀ဝ နှုန်းကောက်ခံခြင်းလုံးဝမရှိဘဲ အများပြည်သူ အထင်အမြင်လွဲမှား စေရန်အတွက် ဝါဒဖြန့်နေသည့် သတင်းအမှားသာ ဖြစ်ကြောင်း သိရှိရသည်။ ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့်ပတ်သက်၍ တရားမဝင် ပြည်ဖျက် မီဒီယာများနှင့် တိုင်းပြည်အေးချမ်းသာယာရေး ကို မလိုလားသူများက အမျိုးမျိုးသော ကောလာဟလ သတင်း အမှားများဖြင့် ပြည်သူများ စိုးရိမ် ထိတ်လန့်စေရန်အတွက် ဝါဒဖြန့်လှုံ့ဆော်နေခြင်းသာ ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Post a Comment

Previous Post Next Post