ပြည်သူ့စစ်မှုထမ်းတာဝန် အကြောင်းသိကောင်းစရာ

ပြည်သူ့စစ်မှုထမ်းတာဝန် အကြောင်းသိကောင်းစရာ

၁။ရပ်/ကျေးမှာ အကျုံးဝင် သူများစာရင်းကောက်ယူလျှက်ရှိပါသည်။ စာရင်းကောက်ထားသူအားလုံးချက်ခြင်းစစ်မှုထမ်းရမည်မဟုတ်ပါ။

၂။လက်ရှိတွင် အမျိုးသမီးများ၊ပညာသင်ကြားနေသူများ၊နိုင်ငံ့ဝန်ထမ်းများ၊ဥပဒေအရကင်းလွတ်ခွင့်ရသူများအား မခေါ်သေးပါ။

၃။မြို့နယ်အလိုက် လူဦး ရေအချိုးအလိုက်အရေ အတွက်သတ်မှတ်ကာ မှတ်ပုံတင်လက်မှတ်ထုတ်ပေးပါမည်။
၄။ဆေးစစ်ရန်ဆင့်ခေါ်ပါမည်။ ယာယီဆေးကုသရမည့်သူများအား ယာယီကင်းလွတ်ခွင့်ပေးပါမည်။အမြဲတမ်းဆေးအဆင့်မမီသူ များ ကင်းလွတ်ခွင့်ရပါမည်။

၅။ဆေးအောင်ပြီးပါက ဗဟိုကစစ်မှုထမ်းရန်ဆင့်ခေါ်စာ အိမ်ထိပေးပို့ပါမည်။

၆။သတ်မှတ်ထားသည့် သင်တန်းကျောင်းတွင် သတင်းပို့သင်တန်းတက်ရပါမည်။

၇။သင်တန်းပြီးက တပ်များတွင်တာဝန်ချထားပါမည်။

၈။လစာ/စရိတ်များရရှိပါမည်။ ခွင့် ၁ နှစ်လျှင် ၁၀ ရက်ရပါမည်။

၉။သင်တန်းစဖွင့်သည့်နေ့မှ ၂၄ လတာဝန်ထမ်းဆောင်ရပါမည်။

၁၀။တာဝန်ထမ်းဆောင်ပြီးကြောင်းလက်မှတ်ထုတ်ပေးပါမည်။ ပြည်သူ့စစ်မှုထမ်းတံဆိပ်နိုင်ငံတော်ကချီးမြှင့်ပါမည်။
👮🏻👮🏻👮🏻👮🏻👮🏻👮🏻👮🏻👮🏻👮🏻👮🏻

Post a Comment

Previous Post Next Post