အမေရိကန်ယိမ်း တရုတ်တပည့် KIA နဲ့ တရုတ်ယိမ်း အမေရိကန်တပည့် NUG ပူစီပေါင်းဆက်ဆံရေး (အပိုင်း ၁)


တရုတ်ကို ဝိုင်းပတ်ပိတ်ဆို့ရေးအတွက်
တရုတ်ရဲ့ အိန္ဒိယသမုဒ္ဒရာထွက်ပေါက်
မြန်မာကို ချုပ်ကိုင်နိုင်ဖို့ အမေရိကန်က ကြိုးစားတယ်။


တရုတ်ကလည်း မြန်မာကတစ်ဆင့်
သူ့နယ်စပ်၊ သူ့အကျိုးစီးပွား မထိခိုက်ဖို့အတွက်
မြန်မာနယ်စပ်မှာ Proxy အဖြစ်
တိုင်းရင်းသားလက်နက်ကိုင်တွေမွေးထားတယ်။

ဒါ့ကြောင့် ပထဝီနိုင်ငံရေးအရ အရေးပါနေတဲ့
မြန်မာကို ချုပ်ကိုင်နိုင်ဖို့လုပ်နေတဲ့
မဟာအင်အားကြီးနှစ်နိုင်ငံရဲ့ အားပြိုင်မှုကြောင့်
မြန်မာဟာ မြေဇာပင်ဖြစ်နေရပြီး
မြန်မာ့ပြည်တွင်းရေး မငြိမ်မသက်ဖြစ်ရခြင်းနဲ့
လက်နက်ကိုင် သက်ဆိုးရှည်ရခြင်းဟာလည်း
ပြည်ပနိုင်ငံကြီးများရဲ့ စွက်ဖက်လွှမ်းမိုးချုပ်ကိုင်ထောက်ပံ့ပေးမှုဟာ
အဓိကသော့ချက်ဖြစ်နေပါတယ်။

တစ်နည်းအားဖြင့် တရုတ်နယ်စပ်မှာရှိတဲ့
တိုင်းရင်းသားလက်နက်ကိုင်တွေဟာ တရုတ်အပေါ်
လုံးဝဥဿုံ မှီခိုနေကြရတယ်ဆိုတာကို
ရှင်းရှင်းလင်းလင်း မြင်တွေ့နေရပြီး
တရုတ်ကလည်း မြန်မာ့နိုင်ငံရေး၊ ငြိမ်းချမ်းရေးတွေမှာ
သူ့နယ်စပ်က လက်နက်ကိုင်တွေကို Proxy လုပ်ပြီး
မြန်မာနိုင်ငံကို ထိန်းချုပ်ထားတာ အားလုံးအသိဖြစ်ပါတယ်။

ဒါ့ကြောင့်လည်း အမေရိကန်ဟာ မြန်မာ-တရုတ်နယ်စပ်
တိုင်းရင်းလက်နက်ကိုင် အဖွဲ့တွေကို ဖဲ့ထုတ်ပြီး 
တရုတ်-မြန်မာနယ်စပ်တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင်
CIA အဖွဲ့တွေက တရုတ်နယ်စပ်မှာရှိတဲ့
လက်နက်ကိုင်အဖွဲ့တွေအတွင်း
စိမ့်ဝင်ထိုးဖောက် စည်းရုံးနေတာလည်း
မြင်တွေ့ကြရမှာဖြစ်ပါတယ်။

Post a Comment

Previous Post Next Post