အမေရိကန်ယိမ်း တရုတ်တပည့် KIA နဲ့ တရုတ်ယိမ်း အမေရိကန်တပည့် NUG ပူစီပေါင်းဆက်ဆံရေး (အပိုင်း ၂)


အနီးစပ်ဆုံးဥပမာပြရရင်တော့
တရုတ်ကို မှီခိုအားထားနေရတဲ့
တရုတ်နယ်စပ်က KIA ဟာ
အမေရိကန်တပည့် NUG အဖွဲ့နဲ့
နိုင်ငံရေးအရ ပူးပေါင်းသလို ပုံဖော်ပြီး
ပေါ်ပေါ်တင်တင်ပဲ စစ်ရေးပူးပေါင်းမှုတွေ
လုပ်လာနေပါတယ်။

NUG ဆိုတာ မြန်မာနိုင်ငံရေးကို ချုပ်ကိုင်နိုင်ဖို့
အမေရိကန်မွေးထားတဲ့ မျောက်ဖြစ်ပြီး
အမေရိကန်က NDAA ဘတ်ဂျက်နဲ့ NUG ကို
ကမ္ဘာသိစစ်ရေးအကူအညီပေးထားတဲ့
အဖွဲ့ဖြစ်ပါတယ်။

KIA က တိုက်လို့ရတဲ့
မြန်မာ့တပ်မတော်စခန်းတွေကို
NUG က ငမူးရည်မွန်ကို
လိုက်လံရှင်းလင်းပြသမှုတွေအရ
အမေရိကန်ရဲ့ စစ်ရေးထောက်ပံ့ငွေကို
NUG ကတစ်ဆင့် KIA ရယူပြီး
တိုက်ကွက်ဖော်ခဲ့တယ်လို့လည်း
အချို့စစ်ရေးလေ့လာသူတွေက သုံးသပ်ဖော်ပြနေကြပါတယ်။ 

တရုတ်နဲ့ အမေရိကန်ကြားမှာ ခွစားချင်တဲ့ KIA က
NUG နဲ့ ပေါ်ပေါ်တင်တင် ဆက်ဆံပြပြီး
သူ့နယ်မြေ တရုတ်နယ်စပ်မှာ အမေရိကန် Cell
NUG အဖွဲ့ လှုပ်ရှားခွင့်ပြုခြင်းကို
တရုတ်လက်ခံမလားဆိုတာ စဉ်းစားစရာဖြစ်ပါတယ်။

တစ်နည်းအားဖြင့် တရုတ်ကို
လုံးဝပစ်ပယ်လို့မရတဲ့ KIA အဖွဲ့အနေဖြင့်
အမေရိကန်တပည့် NUG နဲ့ တရုတ်နယ်စပ်မှာ
စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းမှုတွေ လုပ်နေခြင်းဟာ
တရုတ်တပည့် KIA က အမေရိကန်တပည့် NUG ကို
ဖိတ်ခေါ်ခဲ့လို့ KIA က အမေရိကန်ဘက် ယိမ်းသွားပြီလားလို့ ယူဆရမလိုဖြစ်နေပါတယ်။

အမေရိကန်တပည့် NUG ကလည်း
တရုတ်တပည့် KIA နယ်မြေထဲမှာ
ပေါ်ပေါ်တင်တင် ရုပ်လုံးပြခဲ့လို့
NUG က တရုတ်ကို ယိမ်းနေတဲ့ သဘောသက်ရောက်ပါတယ်။ 

သူတို့သာ အာဏာရလာရင်
တရုတ်နဲ့ ပူးပေါင်းပါမယ်လို့ NUG က လေသံပစ်ပြီး
တစ်ပြိုင်နက်….
တရုတ်နယ်စပ်က KIA၊ MNDAA တို့နဲ့
နိုင်ငံရေးအရ သာမက
စစ်ရေးပူးပေါင်းမှုလုပ်နေခြင်းပဲဖြစ်ပါတယ်။

ဆရာကြီး ၂ ယောက်က
ပါဝါခြင်းအားပြိုင်နေပြီး
ရန်ဘက်အသွင်ဆောင်နေလို့
တပည့် ၂ ယောက် ပူးပေါင်းတာကို
ဆရာကြီး ၂ ယောက်လုံးကတော့
လက်ခံမယ်လို့ မထင်ပါဘူး။

ဒါ့ကြောင့် KIA နဲ့ NUG ပူးပေါင်းမှုဟာ
ပူစီပေါင်းဆက်ဆံရေးဖြစ်ပြီး
အထိမခံသလို ရေရှည်မှာ
လေလျော့ပျက်ပြယ်သွားမယ့်
ပူးပေါင်းမှုဖြစ်မယ်ဆိုတာ ဧကန်မလွဲဖြစ်ပါတယ်။

Post a Comment

Previous Post Next Post