NUG နှင့် ကောလင်း စာရင်းရှင်းမလား



ယခုတလော လူပြောများနေသော ကိစ္စတစ်ခုမှာ စစ်ကိုင်းတိုင်း အညာဒေသက ကောလင်းမြို့လေးကို စစ်ကောင်စီက ပြန်လည်သိမ်းပိုက်လိုက်တဲ့ ကိစ္စလည်း တစ်ခုပါဝင်ပေသည် ။ အချိန်ကာလ မသင့်သော်လို့ ဖွင့်မပြောဘဲထားသော်လည်း တဖြေးဖြေး နှင့် သကောင့်သားများ ရောင့်တက်လာလို့ ပြောလိုက်ဦးမည် ။ အမှန်ဆို ကောလင်းကိစ္စက NUG တိုက်ရိုက်ကိုင်တွယ်နေတာ မဟုတ်တာကြောင့် ဘယ်အချိန် မြို့သိမ်းတယ် ဆိုတာတောင် တစ်ပတ် ဆယ်ရက်ကြာမှ မြို့ထဲ ပြန်ဝင်ဖို့ စီစဉ်ထားကြမှန်းသိတာပါ ။ ကောလင်းအဖြစ်အပျက်ကို ပြန်လည်သုံးသပ်တာဟာ အရေးကြီးတယ် ဆိုသော်လည် စစ်ကိုင်းမကွေးဒေသတခုလုံး တစ်ပြည်လုံးထိခိုက်သယောင်တော့ မလုပ်သင့်ပါ ။
အမှန်က အမှတ် (၁) စစ်ဒေသ ကွပ်ကဲမှုနဲ့ ကောလင်းခရိုင် တပ်ရင်းတွေ တိုင်းရင်းသား လက်နက်ကိုင်တွေ ပေါင်းပြီး အကောင်အထည် ဖော်ခဲ့ကြတာ ၂၀၂၃ နိုဝင်ဘာ လောက်က ပါ ။ အဲဒီမှာ ရရှိထားတဲ့ ငွေတွေ ဘီလီယံ ဘယ်မျှ ဘယ်လောက် ဆိုတာလည်း အောက်ခြေ မြေပြင်က လူတွေပဲ အတိအကျ သိကြမှာပါ ။ အကျိုးရှိမယ့် နေရာ သုံးကြမှာတွေပါ ။ ယခင်ကတည်းက နယ်မြေအလိုက် ရံပုံငွေ ထူထောင်ဖို့ ရှာဖွေဖို့ ဆွေးနွေးတိုင်ပင်ထားကြပြီးသားပါ ။ အခုလည်း ဒါဟာ စစ်ကောင်စီက သာလွန်အင်အား မတန်မရာသုံး တိုက်လာလို့သာ ‌နောက်ဆုတ်ပေးနေတဲ့သဘောလို လို့ နားလည်ထားကြပြီးသားပါ ။ ဒါကို NUG က ပိုက်ဆံတွေ သုံးထားသယောင် ပြောဆို ရေးသား လုပ်ကိုင်တာမျိုးတွေကို သတိထားရပါမယ် ။ မြေပြင်တပ်များကလည်း ပါးရည် နပ်ရည် ရှိစွာ တော်လှန်နေကြသူတွေမို့ တော်လှန်ရေး သမားတွေကို လေးစားလျှက်ပါ ။ တစ်ဖက်မှာလည်း နည်းမျိုးစုံ သွေးခွဲ နေတာကို မျက်ခြေမပြတ် ကြည့်နေဖို့ လိုသလို ဒလန်ဆိုပြီး သတ်ခဲ့တဲ့ ကိစ္စတွေ နောက်နောင် မဖြစ်ပေါ်စေဖို့တော့ အထူးသတိချပ်ကြရပါတော့မယ် ။ တစ်ဖက်က ဒါကို ကမ္ဘာသိ ဖြန့်ဖြူးချပြနေပြီး ပြည်တွင်း အင်အားစုတွေ အထိ  အကြောင်း အခြင်းအရာ တစ်ခု အဖြစ် ကိုင်စွဲ တိုက်ခိုက်လာနေပါပြီ ။ဒါတွေကို နားလည်လို့ ဦးဆောင်သူများက စီမံပေးတာကို နားမလည်ပဲ အလွှဲသုံးစား လုပ်ခဲ့တာမျိုးတွေ ထပ်အဖြစ်မခံကြဖို့လိုပါပြီ ။ ဒလန်ဆိုပြီး သတ်လိုက်တာ ရှင်းလိုက်တာ ဆိုသော်လည်း ‌အောက်ခြေ မြေပြင် အဖြစ်အပျက်များ ကို မည်သူမျှ တာဝန်မခံ ကြသည်သာ များပါသည် ။
အောက်ခြေ မြေပြင် တော်လှန်ရေး အဖွဲ့ အချင်းချင်း သွေးမကွဲကြဖို့ စည်းလုံးကြဖို့ အလွန်လိုအပ်နေပါပြီ ။ ယခု အခြေအနေ မြေပြင်မှာ ခက်ခဲစွာ ရုန်းကန်နေရသလို မြို့ကြီးများမှာရော နိုင်ငံတကာမှာ အကြပ်အတည်း ဖြစ်နေချိန်မို့ အချင်းချင်း မလွန်သင့်တာ မလွန်ကြရအောင် အပြောအဆို အရေးအသား ထိန်းသိမ်းဖို့လိုပါသည် ။
ကောလင်းတိုက်ပွဲမှာ တော်လှန်ရေးဘက်က အစစ်အမှန်ဆုံးရှုံးမှုမျိုး မရှိလှပါဘူး ။ တပ်ရင်းအင်အား ထောင်နှင့်ချီ ရှိနေဆဲ လို့ သိရသလို အဲဒီလို ဆုံးရှုံးမှု မဖြစ်ရတာကလည်း တော်လှန်ရေးသမားလူငယ်တွေရဲ့ စီမံခန့်ခွဲမှုကြောင့် ဖြစ်မှာပါ ။ ပြီးသွားခဲ့ပြီ ဖြစ်လို့ ဘာအပြစ်မှ မပြောလိုပါဘူး ။
တော်လှန်ရေး ခရီးဆိုတာ ဆယ်စုနှစ် နှင့် ချီ ကြာတတ်သလို လပိုင်းမျှလည်း ကြာတတ်ပါသည် ။ အထူးသတိပြုရန်မှာ ပြည်သူများကို ဒုက္ခမပေးမိကြဖို့ အပူမီးတွေ မပေးမိကြဖို့ သတိကြီးစွာ ဖြင့် ဆောင်ရွက်ကြဖို့ လိုအပ်ပေသည် ။ ကောလင်း ကိစ္စ ကောလင်း အထက်အညာမှာ တင် ပြီးဆုံးနိုင်ပါသည် ။ မည်သူမျှ ရေးကြီး ခွင့်ကျယ်လုပ်နေမည်မဟုတ်ပါပေ ။ တော်လှန်ရေး ခရီးမှာ သူနိုင်လိုက် ကိုယ်နိုင်လိုက် မဆန်းပါပေ ။ အချင်းချင်း အပြစ်ဖို့ကြကာ ဘယ်သူ့ကြောင့် ဘယ်ဝါကြောင့် တရားခံ မရှာမိကြစေဖို့သာ ကြိုတင် ရှင်းထားလိုသည် ။

Post a Comment

Previous Post Next Post