ချင်းတွေအနေနဲ့ AA အဖွဲ့ကို အထူးသတိထားဖို့လိုနေပြီ

AA အဖွဲ့က ချင်းပြည်နယ်အတွင်းက မတူပီမြို့နယ်၊ ရမ်စီး၊ စန်းစက်နှဲ့ နာဘုန်းရွာ ဝန်ကျင်ကို ချင်းက CNA အဖွဲ့တွေလာရင် တိုက်ခိုက်ဖို့ အသင့်ပြင်ထားတယ်လို့သိရပါတယ်...လက်ရှိအချိန်မှာ ရမ်စီး၊ စန်းစက်နှဲ့ နာဘုန်းရွာ ဝန်ကျင်မှာ AA အဖွဲ့က တပ်ဖြန့်ထားပြီး CNA အဖွဲ့တွေကို တိုက်ခိုက်ဖို့စောင့်ဆိုင်းနေတယ်။ AA အဖွဲ့ဝင် တစ်ဦးကို CNA အဖွဲ့က ဖမ်းဆီးသွားလို့ CNA အဖွဲ့ကို အငြိုးထားပြီးတိုက်ခိုက်ဖို့လုပ်နေတာဖြစ်ပါတယ်။ ဒါ့အပြင် AA အဖွဲ့အနေနဲ့ အရင်ကတည်းက ချင်းပြည်နယ်အတွင်းက မြို့တွေကို သူတို့ရဲ့လက်အောက်ရောက်တိုက်ခိုက်နေကြဖြစ်တာပြီး အခု AA အဖွဲ့ဝင်တစ်ဦးကို CNA က ဖမ်းဆီးသွားတာကို အကြောင်းပြပြီး CNA ကို တိုက်ခိုက်ပြီး ချင်းပြည်နယ်ကို နယ်မြေချဲ့ဖို့လုပ်နေတာဖြစ်လို့ ချင်းတွေအနေနဲ့ AA အဖွဲ့ကို အထူးသတိထားဖို့လိုနေပြီဖြစ်ပါတယ်။

Post a Comment

Previous Post Next Post