ငြိမ်းချမ်းရေးတည်ဆောက်မှု ခိုင်မြဲစေဖို့အတွက် လုပ်ဆောင်ရမယ့် “အရှိတရား "

တို့တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ရင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ်(NCA)အပေါ်မှာသာ ခိုင်ခိုင်မာမာရပ်တည်ဆောင်ရွက်သွားမှာ ဖြစ်တယ်။ NCA သဘောတူစာချုပ်ဟာ လွယ်လင့်တကူဖြစ်ပေါ်လာတဲ့ သဘောတူစာချုပ်မဟုတ်ဘဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ စတင်ဖိတ်ခေါ်ခဲ့တဲ့နေ့ကစပြီး ဆွေးနွေးညှိနှိုင်းမှု ၅,၀၀၀ ကျော်အထိ ပြုလုပ်ခဲ့ပြီးမှရရှိခဲ့တဲ့ သဘောတူစာချုပ်ဖြစ်တယ်။ ရရှိထားတဲ့ သဘောတူညီချက်များကတစ်ဆင့် ဖွဲ့စည်းပုံအခြေခံမှာ ပြင်ဆင်သင့်တဲ့ အချက်များကို ဒီမိုကရေစီနည်းလမ်းတကျဆွေးနွေးပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်သွားရမှာ ဖြစ်တယ်။ တပ်မတော်အနေနဲ့ NCA စာချုပ်ကြီးပေါ်ပေါက်လာတာနဲ့ တစ်ပြိုင်နက် ငြိမ်းချမ်းရေးမူဝါဒ(၆)ရပ်ကို ထုတ်ပြန်ခဲ့ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိတယ်။ အဲဒီငြိမ်းချမ်းရေး မူဝါဒ(၆)ရပ်ဟာ NCA စာချုပ်ရဲ့ အနှစ်သာရအတိုင်းဖြစ်သလို ခေတ်အဆက်ဆက် ငြိမ်းချမ်းရေးကြိုးပမ်းမှုသမိုင်းတွေကရရှိလာတဲ့ “အသိတရား”ဖြစ်ပြီး လက်ရှိငြိမ်းချမ်းရေးတည်ဆောက်မှု ခိုင်မြဲစေဖို့အတွက် လုပ်ဆောင်ရမယ့် “အရှိတရား”လည်းဖြစ်တယ်။

Post a Comment

Previous Post Next Post