ပြည်သူကို သတ်တဲ့အကြမ်းဖက်ပြည်ဖျက်များ

TNLA/PDF အကြမ်းဖက်အဖွဲ့များ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် သံဃာ ၂ပါး ပျံလွန်တော်မူပြီး အရပ်သား ပြည်သူ ၁ဦး သေဆုံး၊ ၈ဦး ဒဏ်ရာရ

ပြင်ဦးလွင်၊ ဧပြီ ၁၅
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ယမန်နေ့ ညက TNLA/ PDF အကြမ်းဖက်အဖွဲ့များက မြို့အတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် သံဃာတော် ၂ပါး ပျံလွန်တော်မူခဲ့ရပြီး အရပ်သား ပြည်သူ ၁ဦး သေဆုံး၊ ၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
TNLA/ PDF အကြမ်းဖက်အဖွဲ့များ ပစ်ခတ်သော လက်နက်ကြီးကျည်များ ပြင်ဦးလွင်မြိုအတွင်းရှိ အပြစ်မဲ့ပြည်သူများ၏ နေအိမ်များ၊ ဘုန်းတော်ကြီးကျောင်းနှင့် ပြည်သူ့ဆေးရုံအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်ပြီး အောင်မြေဇေယျာ ဘုန်းကြီးကျောင်းအတွင်း ကျရောက်မှုကြောင့် ဘုန်းကြီး ၂ ပါး ပျံလွန်တော်မူ၊ အရပ်သား ၁ ဦး သေဆုံး၊ ၂ ဦး ထိခိုက်(စိုးရိမ်ရ)ရရှိခဲ့သည်။ ပြည်သူ့ဆေးရုံ အရိုးကုသဆောင်ပေါ်သို့ ကျရောက်မှုကြောင့် အရပ်သား လူနာ ၆ ဦး ဒဏ်ရာရရှိခဲ့ပြီး ၁ဦးမှာ စိုးရိမ်ရသည့် အခြေအနေရှိကြောင်း သိရသည်။ Hotel တစ်ခု၏ ခြံစည်းရိုးအနီး ကျရောက်ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ပြီး ထိခိုက်မှုမရှိကြောင်း သိရသည်။
ထိုသို့ ရဟန်းရှင်လူ ပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သော TNLA/PDF အကြမ်းဖက်အဖွဲ့များအား တပ်မတော် နယ်မြေခံစစ်ကြောင်းများမှ လိုက်လံရှင်းလင်းလျက်ရှိကြောင်း သိရသည်။

#News

Post a Comment

Previous Post Next Post