အကြမ်းဖက်များနှင့် ငြိမ်းချမ်းစွာနေလို့မရနိုင်ပါ

NUG, PDF အမည်ခံ အကြမ်းဖက်သမားတွေနဲ့ ကျွန်တော်တို့ ဘယ်လို ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မလဲ

နေပြည်တော်
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာဇံမြို့နယ်၊ မြို့တော်ဝန်သင်္ကြန်မဏ္ဍပ်အနောက် ဆိုင်ကယ် အပ်နှံရာနေရာတွင် လက်လုပ်မိုင်း ၂လုံး ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပြီး ကလေးငယ် ၅ဦး အပါအဝင် ဒေသခံပြည်သူ ၁၂ဦး ထိခိုက်ဒဏ်ရာရရှိမှု ဖြစ်စဉ်နှင့် ပတ်သက်၍ သတင်းထုတ်ပြန်ရာတွင် ဗိုလ်ချုပ်ဇော်မင်းထွန်း က NUG, PDF အမည်ခံ အကြမ်းဖက်သမားတွေနဲ့ ကျွန်တော်တို့ ဘယ်လို ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မလဲ" ဟု မေးခွန်းထုတ်ခဲ့သည်။
ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက "အတာသင်္ကြန်ပွဲဆိုတာသည် မြန်မာတို့ရဲ့ အထူးအလေးအမြတ်ထားရတဲ့ နှစ်ကူးပွဲတော် ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံတိုင်း နိုင်ငံတိုင်းရဲ့ လူမျိုးအသီးသီးမှာ မိမိတို့ သက်ဆိုင်ရာအလိုက် နှစ်သစ်ကူးပွဲတွေ ကျင်းပကြပါတယ်။ ဒီလို နှစ်သစ်ကူးပွဲတွေ ကျင်းပတဲ့အခါမှာ ပြည်သူတစ်ရပ်လုံး ငြိမ်းငြိမ်းချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်နဲ့ ကိုယ့်ရိုးရာအလိုက် ပြုလုပ်ကြတာပဲ ဖြစ်ပါတယ်။"

Post a Comment

Previous Post Next Post