ထိုင်းနိုင်ငံမှာ မနေ့က တစ်ရက်တည်း မြန်မာနိုင်ငံသား ၅၆ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၅၆ ဦးကို မနေ့က (မတ်လ ၂၅ ရက်) တစ်ရက်တည်းမှာ စံခလဘူရီဒေသနဲ့ မယ်လမတ်ဒေသတွေဘက်ကနေ ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းသတင်းဖော်ပြမှုတွေအရ သိရပါတယ်။

မတ်လ ၂၅ ရက် မနက် ၆ နာရီခွဲအချိန်ခန့်မှာ စံခလဘူရီဒေသအာဏာပိုင်တွေက မသင်္ကာဖွယ် ပစ်ကပ်ကားတစ်စီးကို လိုက်လံစစ်ဆေးရာကနေ အမျိုးသား ၂၉ ဦးနဲ့ အမျိုးသမီး ၁၅ ဦးပါဝင်တဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၄၄ ဦးကို ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။
အဲဒီမြန်မာနိုင်ငံသားတွေက ရန်ကုန်၊ နေပြည်တော်နဲ့ မော်လမြိုင်မြို့တို့မှာ နေထိုင်သူတွေဖြစ်တယ်လို့ သိရပြီး တစ်ဦးကို ပွဲစားခ ဘတ်ငွေ ၁၂၀၀၀ ကနေ ၃၀၀၀၀ အထိ ပေးပြီး ထိုင်းထဲကိုခိုးဝင်ခဲ့တာဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ သိရပါတယ်။

အလားတူ အဲဒီနေ့ မနက်ပိုင်းကလည်း မယ်လမတ်ဒေသဘက်မှာ ပစ်ကပ်ကားတစ်စီးပေါ် လိုက်ပါလာတဲ့ မြန်မာနိုင်ငံသား ၁၂ ဦးနဲ့ ထိုင်းကားသမားတို့ကို ထပ်မံ ဖမ်းဆီးရမိခဲ့တာကြောင့် အဲဒီ ဖမ်းဆီးရမိသူတွေကို သက်ဆိုင်ရာနယ်မြေရဲစခန်းမှာ ထိန်းသိမ်းထားပြီး ထိုင်းဥပဒေအရ အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။   
#𝙈𝙃𝙏𝙉𝙀𝙒𝙎

Post a Comment

Previous Post Next Post