လောင်းကစားစွဲလာတဲ့ ယူကရိန်းစစ်သားများ

ယူကရိန်းစစ်တပ်အတွင်း လောင်းကစားစွဲလမ်းမှုက ကူးစက်ပျံ့နှံ့နေတယ်လို့ Bloomberg က ဆောင်းပါးရေးသားလိုက်ပါတယ်။ စစ်သားအများအပြားဟာ သူတို့ရဲ့ လစာတွေကို အွန်လိုင်းကာစီနိုတွေမှာ ဆော့ကစားလျက်ရှိပြီး အကြွေးဆပ်ဖို့အတွက် ချေးငွေတွေပါ ထုတ်ယူနေရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တခါတလေမှာ အပေါင်ပစ္စည်းအဖြစ် စစ်လက်နက်ပစ္စည်းတွေဖြစ်တဲ့ ဒရုန်း၊ အပူပုံရိပ်ဖော်ကင်မရာတွေကို အသုံးပြုနေတယ်လို့ အမှတ် ၅၉ တပ်မဟာက တပ်သား Pavel Petrichenko က ပြောဆိုခဲ့ပါတယ်။
"လောင်းကစားက စိတ်ဖိစီးမှုကို ကိုင်တွယ်ဖြေရှင်းဖို့ရာ တခုတည်းသောနည်းလမ်းဖြစ်လာပြီး စွဲလမ်းလာမှုက စည်းကမ်းပိုင်းကို မြန်မြန်ဆန်ဆန်ပဲ ဖျက်ဆီးပစ်လိုက်တယ်" လို့ သူက ပြောခဲ့ပါတယ်။

NOM

Post a Comment

Previous Post Next Post