ကော့ကရိတ်မြို့ကို တပ်မ​တော်မှ အပြည့်အဝထိန်းချုပ်နိုင်ပြီ

ကော့ကရိတ်မြို့ကို ဧပြီ ၁၁ ရက်နေ့က ရောက်ဂှိလာသည့်စစ်ကြောင်းသည် ယင်းနေ့ ညပိုင်းမှစ၍ ၂၀ ရက်နေ့အထိ ကော့ကရိတ်မြို့တောင်ဘက်ခြမ်းနှင့်မြောက်ဘက်ခြမ်း ရပ်ကွက် ၇ တံတားဦး၊ အမှတ် ၄ရပ်ကွက် သတိပဌာန်ကျောင်းသစ်နှင့် အထက်ရွာ ၀ါးတောဘက် ကြာအင်းကုန်းကွက်သစ်ဘက်၊ အမှတ် ၂ရပ်ကွက် ၀င်းကြီး မြို့တော်ဦး ၊ အမှတ် ၁ ရပ်ကွက် ချောင်းတောင်ဘက်တွင် လပေါင်းများစွာ အခြေပြုလူပ်ရှားနေသော အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့ပေါင်းစုံအား ထိုးစစ်ဖြင့်တိုက်ခိုက်ရှင်းလင်းခဲ့သည်။


ယ​နေ့နံနက် ၇ နာရီချိန်ရရှိသည့်သတင်းအရ ကော့ကရိတ်မြို့တွင် နယ်မြေရှင်းလင်းနေသော စစ်ကြောင်း၏ ထိုးစစ်ဆင်နယ်မြေရှင်းလင်းမှုကြောင့် သောင်းကျန်းသူများသည် အကျအဆုံးများစွာဖြင့် ၂၀ ရက်နေ့ ညနေပိုင်းတွင် ကော့ကရိတ်မြို့ မှ အားလုံးဆုတ်ခွာ ထွက်ပြေးသွားကြကြောင်း သိရသည်။

ယခုအခါတွင် ကော့ကရိတ်တမြို့လုံးကို တပ်မတော်မှ နယ်မြေရှင်းလင်းပေးပြီးဖြစ်ပါ၍ အကြမ်းဖက်သောင်းကျန်းသူများအားလုံး မြို့တွင်းမှဆုတ်ခွာသွားကြပြီဖြစ်ကြောင်း သိရသည်။ 
PAN

Post a Comment

Previous Post Next Post