အကျအဆုံးများသည့် မြဝတီတိုက်ပွဲအတွက် KNUလူသစ်စု

မြဝတီတွင် အကျများနေသည့်အတွက် စစ်တိုက်ရန် မဲဆောက်စက်ရုံများတွင် တစ်ရက် ဘတ်တစ်ထောင်ဖြင့် KNU လူသစ်စုဆောင်းနေ


(ပြည်တွင်း) ဧပြီ ၂၁


ဧပြီ ၂၀ ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့သည့် ထိုင်း - မြန်မာချစ်ကြည်ရေးတံတား ၂ တိုက်ပွဲဖြစ်စဥ် တွင် KNU/ PDF များ အသေအပျောက်များခြင်းကြောင့် ၎င်းတို့မှ လူအင်အားထပ်မံဖြည့်ရန်အတွက် အပူတပြင်းလုပ်ဆောင်နေကြောင်း ဒေသခံများ၏ သတင်းပေးပို့ချက်အရ သိရသည်။ 

လူသစ်ရရှိရန်အတွက် ထိုင်းနိုင်ငံ မဲဆောက်ရှိစက်ရုံများသို့ သွားရောက် စုဆောင်းရန် ရွေမြစန္ဒီတိုးချဲ့ကွက်သစ်၊ ယခင်ရာအိမ်မှူးဟောင်း ဦးဇော်မင်းဦးကို KNU/PDF များမှ ယနေ့မနက်အစောပိုင်းက စေလွှတ်လိုက်ကြောင်းသိရသည်။
ထို့အပြင် AAC ကခွဲထွက်လာသည့် (MHAC)ရဲမင်းနှင့်ချိတ်ဆက်ပြီး မဲဆောက်ရှိ စက်ရုံများသို့ဝင်ရောက်ကာ စက်ရုံလုပ်သားများအား တစ်ရက်ကို ဘတ်တစ်ထောင် ပေးမည်ဟုဆိုပြီး စက်ရုံးများအတွင်း ဝင်ရောက်စည်းရုံးကာ လူသစ်စုဆောင်နေကြောင်း သိရသည်။

PAN

Post a Comment

Previous Post Next Post