မဟာသင်္ကြန်ကာလအတွင်း မြန်မာ့မီးရထားက အထူးရထားခရီးစဉ်များ ပြေးဆွဲမည်

၅. ၄. ၂၀၂၄

မြန်မာ့မီးရထားသည် မဟာသင်္ကြန်ကာလအတွင်း ခရီးသွားပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ အဆင်ပြေစွာ ခရီးသွားလာနိုင်ရန်အတွက် ဧပြီ ၁၃ ရက်နှင့် ၂၂ ရက်တို့တွင် အထူးရထားများကို ထပ်တိုး ပြေးဆွဲပေးသွားမည်ဖြစ်ပြီး သင်္ကြန်အကြိုနေ့ဖြစ်သည့် ဧပြီ ၁၃ ရက်မှ သင်္ကြန်အတက်နေ့ ဖြစ်သည့် ဧပြီ ၁၆ ရက်အထိ လူစီးအမြန်ရထားအချို့ ပြေးဆွဲမှု ခေတ္တရပ်နားထားမည်ဖြစ်သည်။

သို့သော် လက်ရှိပြေးဆွဲပေးနေသော ရန်ကုန်-မန္တလေး လမ်းပိုင်းအတွင်း အမှတ်(၁၁)အဆန်၊ အမှတ်(၁၂) အစုန်ရထားနှင့် ရန်ကုန်-မော်လမြိုင် လမ်းပိုင်းအတွင်း အမှတ်(၈၁) အဆန်၊ အမှတ်(၈၂) အစုန် ရထားများကို ပုံမှန်အတိုင်း ပြေးဆွဲပေးသွားမည်ဖြစ်ပြီး ရန်ကုန်-မန္တလေး-ရန်ကုန် အထူးရထားများကို ဧပြီ ၁၂ ရက်၊ ၁၉ ရက်နှင့် ၂၁ ရက်နေ့များတွင် ပြေးဆွဲပေးမည်ဖြစ်ကာ ရန်ကုန်-မော်လမြိုင်-ရန်ကုန်နှင့် ရန်ကုန်-ပြည်-ရန်ကုန် ခရီးစဉ်များကို ဧပြီ ၁၁ ရက်၊ ၁၂ ရက်၊ ၁၃ ရက်နှင့် ဧပြီ ၂၀ ရက်၊ ၂၁ ရက်၊ ၂၂ ရက်နေ့များတွင် အထူးရထားများ တိုးချဲ့ပြေးဆွဲပေးသွားမည်ဖြစ်သည်။
ရထားစီး ခရီးသွားပြည်သူများအား အထက်တန်းလက်မှတ်အား(၃)ရက်၊ ရိုးရိုးတန်း လက်မှတ်အား(၁) ရက်ကြိုတင်၍ ရောင်းချပေးသွားမည်ဖြစ်ကြောင်းနှင့် နေပြည်တော်မှ ဌာနဆိုင်ရာ ဝန်ထမ်းများအနေဖြင့် မြန်မာ့မီးရထား၊ စီးပွားရေးဌာန၊ ခရီးသည်ဌာနခွဲတွင် လျှောက်လွှာဖြင့် ကြိုတင်ဝယ်ယူနိုင်ကြောင်း သိရသည်။

Post a Comment

Previous Post Next Post